4

2.7K 313 13
                                    

"ဝမ်ရိပေါ် ဒီတစ်ခေါက် presentationက စာနည်းနည်းများတယ်နော် ငါ့ကိုကူဦး"

"အေးပါ"

ကန်တင်းမှာ ကျိုးချန်နဲ့ နှစ်ယောက်သား ထိုင်နေကြရင်း လာမယ့်အပတ်ထဲမှာ လုပ်ရမယ့် presentationအတွက် နည်းနည်းတိုင်ပင်ကြရင်း topicရွေးပြီးတဲ့အခါမှပဲ ကျိုးချန်ကိုနှုတ်ဆက်ပြီး အချိန်ပိုင်းအလုပ်ဆီပြေးရတယ်။

အလုပ်ကိုဇယ်ဆက်သလိုလုပ်ပြီးတာနဲ့ အဝတ်လဲပြီး နောက်တစ်လုပ်ဆီပြေးရပြန်တယ်။ တစ်ညလုံးခါးညောင်းလောက်အောင် ကြိုးစားလုပ်အပြီးမှာတော့ နောက်ဆုံး ညဆယ့်နှစ်နာရီထိုးမှာ အလုပ်ချိန်ပြီးပြီမို့ အိမ်ပြန်ခွင့်ရပြီဖြစ်တယ်။

"ကောင်းကောင်းပြန် ရိပေါ်။ လမ်းမှာဂရုစိုက်ဦး"

"ဟုတ်ကဲ့ ဖုန်းကော"

လစာထုတ်ရက်မို့ accထဲတိုးလာတဲ့ ငွေပမာဏကိုကြည့်ရင်း ကျေနပ်ရပြန်တယ်။ အိမ်အပြန်လမ်းမှာ ညဆယ့်နှစ်နာရီကျော်ပြီမို့ တိတ်ဆိတ်ဆိတ်နဲ့ အေးအေးချမ်းချမ်းရှိလှတယ်။ ရိပေါ်က အိမ်ပြန်ချိန်တွေ ညနက်တတ်တာမို့ သယ်စရာ ဘာအိတ်မှမသယ်ဘဲ ဖုန်းကိုတော့ အင်္ကျီအိတ်ထဲထည့်တယ်။ လမ်းမှာ လုယက်ချင်သူတွေနဲ့တွေ့တဲ့အခါ သူကပစ်မှတ်ဖြစ်မနေအောင် ကြိုတင်ကာကွယ်ထားတဲ့ သဘော...

မနက်ကတည်းက ကျောင်းမှာ ကျိုးချန်နဲ့ စာတွေရှာပြီး ပြင်ဆင်နေရတာမို့ နေ့လည်စာလွတ်ခဲ့တဲ့ရိပေါ်က တစ်ညနေလုံးလည်း အလုပ်တွေလုပ်နေရတာမို့ ဗိုက်ဟောင်းလောင်းနှင့်! လမ်းထိပ်က mini martလေးကို ရောက်တော့ ခေါက်ဆွဲခြောက်ထုပ်တွေ၊ ကြက်ဥကတ်နဲ့ အအေးဘူး စတဲ့ သူလိုတာတွေကို ဝယ်ရတယ်။ မနက်ဖြန်က စနေနေ့မို့ ကျောင်းသွားစရာလည်း မလိုတဲ့အပြင် စာသင်တာကလည်း ညနေမှမို့ တစ်နေကုန်အေးဆေးနှပ်နေလို့ရတာကို တွေးမိပြန်တော့လည်း ကျေနပ်ရပြန်တာပဲ... ဘယ်လောက်ပဲ ပင်ပန်းနေပါစေ အချိန်တန်ရင် တိုးလာတဲ့ accထဲက ငွေတွေကိုကြည့်ပြီး ပင်ပန်းသမျှစိတ်ဖြေရတယ်။

ဒီနှစ်ရွာမှာ ပဲစိုက်တာ အဆင်မပြေလို့ အရှုံးပေါ်တဲ့အကြောင်းကို ရှင်းရှင်းပြောလို့ သိပြီးပြီ။ အဖေတို့က ထုတ်မပြောလာပေမယ့်လို့ သားကြီးဖြစ်တဲ့သူက အလိုက်တသိနဲ့ တစ်ဖက်တစ်လမ်းကနေ ထောက်ပံ့ပေးဖို့လည်း တွေးထားတယ်။ အရင်က အငယ့်ကိုပဲ မုန့်ဖိုးပေးနိုင်ခဲ့တဲ့သူက အခုတော့ အိမ်ကိုထောက်ပံ့နိုင်တော့မှာမို့ ပျော်နေမိသလို တစ်ဖက်ကလည်း ရှောင်းကျန့်ကိုလက်ဆောင်ပေးဖို့ စုထားတဲ့ငွေလေးတွေ ထုတ်သုံးရတော့မှာမို့ နည်းနည်းတော့စိတ်မကောင်းဖြစ်မိတယ်။

Kiss Me QuickWhere stories live. Discover now