7

2.6K 285 13
                                    

"ရိပေါ်ရာ ကိုယ့်ကို တကယ် လုံးဝ စကားမပြောဘဲ နေနေတော့မှာလား" ဘယ်လိုပြောပြော ဘာတစ်ခွန်းမှ ဟ,မလာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်စိတ်ညစ်နေပြီ။

"အထင်လွဲတာပါဆိုကွာ... ကိုယ်တကယ်သူ့ကိုမဖက်ရပါဘူး။ ကိုယ်နဲ့လည်း ဘာမှမဆိုင်ပါဘူးဆိုကွာ"

ရိပေါ်လည်း ကျန့်ကောပြောနေတာ တကယ်မှန်းသိပေမယ့်လို့ ယွင်ကျဲဖြစ်နေလို့ကို လူကဆိုးချင်နေတာ။ စေ့စပ်ထားကြတယ်လို့ ပြောတယ်မလား။

"ကိုယ်တကယ်ပြောတာပါ ကလေးလေးရယ်။ သူကကိုယ့်ရှေ့မှာ ချော်လဲတာလေကွာ... မင်းလည်းရှိနေတာပဲ မြင်ရဲ့သားနဲ့ကို။ မဆိုးစမ်းနဲ့ကွာ"

"ကိုကိုက စိတ်မရှည်တော့ဘူး"

"ဟာ မဟုတ်တာ ကိုယ့်ကလေးလေးကို စိတ်အရှည်ဆုံး"

"အပိုပြောတာ"

"အတည်ပါကွ"

တကယ်လည်း ကျန့်ကောပြောတဲ့အတိုင်း သူနဲ့ကျန့်ကော မနက်တုန်းက ကန်တင်းမှာ စကားပြောနေကြတုန်း ယွင်ကျဲက ကျန့်ကောဆီပြေးလာရင်းနဲ့ အနားရောက်တော့ ခလုတ်တိုက်ပြီး ကျန့်ကောပေါ်လဲကျတာမို့ ကျန့်ကောကထိန်းထားပေးရုံရယ်...

သက်သက်မဲ့ ဆိုးချင်လို့ကို ဆိုးနေတာဖြစ်တယ်။ ဝမ်ရိပေါ်က ရှောင်းကျန့်ဖြစ်နေလို့ ဆိုးကိုဆိုးတယ်။ ဆိုးခွင့်ရှိတဲ့ ချစ်သူဖြစ်နေလို့~

ယွင်ကျဲပြန်သွားကတည်းက ကျန့်ကောက သူ့နောက်တကောက်ကောက်လိုက်ပြီး ချော့နေတာအခုနေ့လည်စားနေကြတဲ့အထိ...

"ထမင်းလေးစားပါဦး အဲ့ဖုန်းကိုခဏချ" ကျန့်ကောကို စိတ်ကောက်နေပေမယ့်လို့ ကျန့်ကောခွံ့ကျွေးနေတာကိုလည်း ပါးကိုဖောင်းနေအောင် အားရပါးရစားနေသေးတယ်။ ဘာလို့ဆို ချစ်သူဖြစ်နေလို့ပေါ့။

"‌ကျန့်ကောလည်း စားလေ"

"ကိုကိုဆို?"

"ဘာမှမကိုကိုဘူး ကျန့်ကောပဲ"

"ဟိုတနေ့တုန်းကကျတော့ ကိုကိုချစ်တယ်ဆို?" နားနားကပ်ပြီး တနေ့က ကိစ္စတွေကိုပြန်ပြောနေတာကြောင့် ရိပေါ်မျက်နှာလေးမှာ ရှက်စိတ်ကြောင့် နီရဲလာတော့တယ်။

Kiss Me QuickWhere stories live. Discover now