13

1.4K 160 8
                                    

အာ့...ကျွတ် ကျွတ်

"ဟင်... ကလေး၊ အဆင်ပြေရဲ့လား။ ဘယ်နားနာလို့လဲဟင်"

အသံကြားတာနဲ့ ချက်ချင်းကို ငေါက်ခနဲထထိုင်ပြီး မေးခွန်းတွေတရစပ်မေးတော့တာပင်။ ညကလည်း ခြေတွေလက်တွေကိုက်ခဲနေတာမို့ သူအိပ်မပျော်မချင်း ဆေးတွေလိမ်းပေး၊နှိပ်နယ်ပေးနဲ့ အိပ်ရေးပျက်ထားတာမို့ သူ့ကိုမနိုးစေချင်ပါဘူးဆိုမှ အသံလေး သေးသေးထွက်သွားတာကို ချက်ချင်းနိုးလာလေရဲ့။

"ဘယ်နားနာသေးလဲ ကိုယ့်ကိုပြောလေ"

လက်လေးတွေကို ဆုပ်ကိုင်ပြီး မေးနေတဲ့ ရှောင်းကျန့်ပုံစံက တစ်ရေးနိုးတာတောင် ကြည့်ကောင်းနေသေးသည်။

"ခြေထောက်‌က နည်းနည်းပါ ကိုကိုရဲ့။ ဘာမှဖြစ်ဘူး။ ပြန်အိပ်လေနော်။ ကိုကို အိပ်ရေးတွေပျက်ထားတာ"

"ကိုယ်ပင်ပန်းတာ ကလေးကိုမမှီပါဘူးဗျာ။ ကိုယ့်ကလေးက ကိုယ့်သွေးသားလေးကို လွယ်ပေးထားရတာနဲ့တင် အရမ်းကိုပင်ပန်းနေပြီ။ ကိုယ်ကဖြင့် ဘာမှတောင်သိပ်လုပ်ပေးရတာမဟုတ်ဘူး"

ခြေထောက်နာတယ်ဆိုလို့ ရိပေါ်ခြေထောက်နှစ်ချောင်းကို သူ့ပေါင်ပေါ်တင်ပြီး ဖွဖွလေးနှိပ်ပေးနေရင်း ‌ရှောင်းကျန့်က သူ့ကိုယ်သူအားမလိုအားမရဖြစ်နေသေးတယ်။ သူလုပ်ပေးနိုင်တာ ဘာမှမရှိလို့ သူ့ကိုယ်သူလည်း စိတ်ပျက်မိပါရဲ့။

"ရပြီ ကိုကိုရဲ့။ ပြန်အိပ်ရအောင်နော်။ မနာတော့ဘူးရယ်"

"တကယ်သေချာလို့လား။ ကိုယ့်ကိုအားနာစရာမလိုဘူးနော်။ ကိုယ်ကဒါလေးတွေ လုပ်ပေးနိုင်တာကိုပဲ ပျော်နေရတာ"

"တကယ်တော်ပြီ။ ကျွန်တော့်ကိုဖက်ပြီးသိပ်လေ။ ကိုကို့ရင်ခွင်ထဲအိပ်ချင်တာ"

ပြောပြောဆိုဆိုနဲ့ ရင်ခွင်ထဲတိုးလိုက်တော့ သူ့ကိုအသာပွေ့ပြီး သူပါလှဲချလိုက်တယ်။ အခုဆို ရိပေါ်က သူ့ရင်ဘက်ပေါ်မှာ ပက်လက်ကလေးရယ်။

၅လထဲဝင်နေပြီမို့ ဗိုက်လေးကလည်း အတော်ပူနေပြီ။ အရင်လို မျက်နှာချင်းဆိုဖက်လို့အဆင်မပြေတော့။

"ကျွန်တော်ဘေးမှာလှဲမယ်လေ။ ကိုကိုလေးနေလိမ့်မယ်"

"ဟင့်အင်း။ မင်းကို ဒီလိုလေး ပွေ့ထားရမှ ကိုယ်စိတ်ချတယ်။ မဟုတ်ရင် စိတ်ပူလို့"

Kiss Me QuickWhere stories live. Discover now