11

1.8K 220 14
                                    

"အင်း... ဂရုစိုက်ပေးလိုက်ပါဦး။ ဒီတလောတော့ ကျွန်တော့်ကိုမမြင်ရတာ ပိုကောင်းလိမ့်မယ်ထင်တယ်"

ကုတင်ခြေရင်းက ဆိုဖာပေါ်ထိုင်ရင်း ဖုန်းပြောနေတဲ့ ကျန့်ကောက သူနိုးလာတာမသိသေး။ ဖုန်းပြောနေတဲ့သူ အနှောင့်အယှက်ဖြစ်သွားမှာ စိုးတာမို့ ငြိမ်ငြိမ်လေးပဲ ထိုင်နေလိုက်ရင်းသာ ပြီးတဲ့အချိန်ထိ စောင့်နေလိုက်တယ်။

"အင်း စိတ်ချပါ။ ကလေးကို ကျွန်တော် ဂရုစိုက်နိုင်တယ်..."

"ဟင့်အင်း ကျွန်တော် မလာသေးဘူး။ မားနဲ့မတွေ့ချင်သေးဘူး.... "

"ဟုတ်ကဲ့ပါ။ အဲ့တာဆို ဒါပဲ။ အရေးကြီးမှပဲ ထပ်ဆက်တော့"

ဟူး....

သူ့ကိုကျောပေးထားတဲ့ ကိုကိုက သိပ်ကိုပင်ပန်းနေပုံရပါတယ်။ အမေနဲ့ ချစ်သူကြား ဗျာများရတဲ့အခါ ဘယ်သူမဆို ဒီလိုပဲဖြစ်ကြမယ်ထင်ပါရဲ့။

ခေါင်းကိုငုံ့ချကာ လက်ဖဝါးနှစ်ဖက်ထဲ မျက်နှာကို နှစ်ချလိုက်တာမို့ ရိပေါ်မှာ စိတ်မကောင်းဖြစ်ရပါတယ်။

"ဟင်... နိုးနေတာကြာပြီလား ကလေး။ ကိုယ့်ကိုတော့ မပြောဘူး" သူနိုးနေကြောင်း သိသွားတဲ့ ရှောင်းကျန့်က စိတ်ညစ်စရာတွေ သူ့ကို ပေးမသိလိုဘူးထင်ပါရဲ့။ ဘာမှမဖြစ်သလို ဟန်ဆောင်ရင်း အနားရောက်လာကာ နဖူးကိုနမ်းတယ်။

"ကိုကို ပင်ပန်းနေပြီလား။ ကျွန်တော် တောင်းပန်..."

"မလိုဘူးလေ ကလေးရယ်... ကိုယ်တို့က သူစိမ်းတွေမှ မဟုတ်ကြတာ။ ဘာမှမတွေးနဲ့နော်။ ကိုယ့်ကိုပဲ ယုံကြည်ပေးမယ်မလား"

အိပ်ရာနိုးကာစ ခပ်အစ်အစ်လေးဖြစ်နေတဲ့ ရိပေါ်မျက်နှာလေးကို ရှောင်းကျန့်က ဆွဲမော့လို့ ချော့မြူတယ်။ စိတ်မထိန်းနိုင်လို့ တရွှတ်ရွှတ် နမ်းမိတာလောက်ကတော့ အသားယူမှုမမည်နိုင်ကောင်းပါရဲ့။

ရိပေါ်က လက်နှစ်ဖက်နဲ့ ရှောင်းကျန့် ခါးကိုဖက်လို့ ရင်ခွင်ထဲတိုးဝင်တယ်။ ကြောင်ဖြူလေးတွေလို ခပ်ချွဲချွဲလေး ချစ်စဖွယ်ဆိုလာရဲ့...

"ကိုကိုက ဒီ‌ကမ္ဘာမှာ ကျွန်တော် အချစ်ရဆုံးသူပါ" တဲ့။

ဝမ်ရိပေါ်ဟာ ဒီကောင့်ကို ဘယ်လိုချွေရမလဲ ကောင်းကောင်းကြီး သိနေတော့တာပါပဲ။

Kiss Me QuickWhere stories live. Discover now