5

2.7K 321 24
                                    

"အာ...ကျေးဇူး ကျန့်ကော" စာကြည့်တိုက်ထဲက လူတွေလည်း ကွက်ကြည့်ကွက်ကြည့်နဲ့ အာရုံစိုက်စ,ပြုလာပြီမို့ အရင်ဆုံးသတိဝင်လာတဲ့ ရိပေါ်ကပဲ ရှောင်းကျန့်ကို စကားစပြီး ရုန်းထွက်ရတယ်။

သို့ပေမယ့် မထင်မှတ်ထားလောက်စွာပဲ ရှောင်းကျန့်က သူ့ကိုလွှတ်မပေး...

"ကျန့်...ကျန့်ကော... လွှတ် ပေး ဦး...လေ" အထစ်ထစ်,အငေါ့ငေါ့နဲ့ ပြောလာတဲ့သူ့ကို ရှောင်းကျန့်က ရုပ်တည်ကြီးနဲ့ကြည့်နေတာမို့ ပတ်ဝန်းကျင်လေထုကလည်း အေးစက်နေသယောင်...

"ကျန့်ကော...အင့်"

"ငြိမ်ငြိမ်နေ!" ရှောင်းကျန့်က ရုန်းနေတဲ့ရိပေါ်ကို ခါးကနေ အတင်းဆွဲဖက်လိုက်ပြီး ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတဲ့လူတွေကိုတော့ ကြောက်စရာကောင်းလောက်အောင် အေးစက်စက်စိုက်ကြည့်ပစ်လိုက်တာမို့ ကျောင်းသူ၊ကျောင်းသားတွေလည်း ကြောက်လန့်ကာ သူတို့ရှိရာဘက်ကို ဘယ်သူမှမလာကြတော့တာမို့ နှစ်ယောက်တည်းရယ်...

"ဘာလို့ ဟိုကောင်နဲ့ စကားပြောနေတာလဲ!"

ပြွတ်စ်

"အနားမကပ်နဲ့လို့ မှာထားတယ်လေ"

ပြွတ်စ်

"မင်းက ကိုယ့်အပိုင်လို့ သေချာပြောထားတယ်လေ"

ပြွတ်စ်

"ဟိုနေ့က သိပ်မသိလိုက်လို့ နောက်ထပ် ထပ်ပြောပြရဦးမလား"

ပြွတ်စ်

စကားတစ်ခွန်းပြောတိုင်း နှုတ်ခမ်းကိုအသံမြည်တဲ့အထိ နမ်းနေတဲ့ရှောင်းကျန့်ရဲ့ လက်ဖဝါးကြီးကြီးနှစ်ဖက်ထဲမှာ ရိပေါ်ရဲ့မျက်နှာလေးက ရှက်လွန်းလို့ နီရဲနေချေပြီ...

"ကိုယ့်စကားဘာလို့နားမထောင်တာလဲ"

ပြွတ်စ်

"ကိုယ့်..."

"တော်တော့ ကျန့်ကော"

"ဟင့်အင်း မတော်ဘူး"

"ကျန့်...အွန်း..." ပြောပြောဆိုဆိုနဲ့ နှုတ်ခမ်းဆီရောက်လာတဲ့ ပူပူနွေးနွေးအထိအတွေ့ကြောင့် ရိပေါ်မှာ ခြေထောက်တွေခွေယိုင်လာပြီး ထုရိုက်နေတဲ့လက်တွေကလည်း အနမ်းတွေကြောင့် အားလျော့လို့ ရှောင်းကျန့်ရင်ဘက်မှာ ကပ်ထားလျက်သားနဲ့...

Kiss Me QuickWhere stories live. Discover now