6

2.7K 302 27
                                    

🚫🚫

"ကျန့်ကော..." ရိပေါ် လှမ်းခေါ်လိုက်မိပြီးကာမှ ကျန့်ကောဘေးက မိန်းကလေးကိုမြင်လိုက်မိတာမို့ အရှိန်သက်လိုက်ရတယ်။ အခုပါလာတဲ့ မိန်းကလေးက ခါတိုင်းလည်း ကျန့်ကောဘေးမှာ တွေ့နေရတတ်တဲ့ ထိုမိန်းကလေး။ ကျန့်ကောကတော့ သူ့ကိုမမြင်ဘဲ ဘေးကမိန်းကလေး ပြောသမျှကိုသာ ပြုံးပြီးနားထောင်နေတာမို့ ရင်ထဲမှာအောင့်သက်သက်နဲ့ရယ်။

"ဝမ်အာ ငါတို့ဒီမှာ" ကျိုးချန်ရဲ့ အသံကျယ်ကြီးထွက်လာတာမို့ လှည့်ကြည့်လိုက်တော့ ကျိုးချန်နဲ့အတူ ရှင်းရှင်းနဲ့အားကျူး၊ ပြီးတော့ ရှိုးလီကောကိုပါ တွေ့လိုက်ရတာမို့ သူတို့အုပ်စုထိုင်နေတဲ့ နေရာဆီ ခပ်သွက်သွက်လေး ပြေးသွားလိုက်ရတယ်။

အမှန်တော့ ဒီနေ့က တနင်္ဂနွေနေ့ဖြစ်နေပေမယ့်လို့ သူနဲ့ကျိုးချန်ရဲ့ assignmentက ပြီးပြီမို့ ရှင်းရှင်းနဲ့အားကျူးတို့က သူတို့အတွက် အကူအညီတောင်းထားတာနဲ့ တွေ့ပြီးစာစုလုပ်ကြမှာရယ်။

"ရှိုးလီကောက ဘယ်လိုဖြစ်ပြီး..."

"အင်း ကိုယ်က အားကျူးနဲ့တစ်ဝမ်းကွဲတော်တယ်လေ ဒီနေ့ သူ့ကိုလိုက်ပို့ရင်း ပါလာတာ"

"အော် ဟုတ်ကဲ့" ရိပေါ်လည်း ရှည်ရှည်ဝေးဝေးတွေးမနေတော့ဘဲ သူတို့ကိုလိုတာလေးတွေ ကြည့်ပေးနေတုန်း အားကျူးက သူ့အသိကိုနှုတ်ဆက်လိုက်တာမို့ အာရုံပျက်သွားရတယ်။

"ယွင်ကျဲ မုန့်လာစားတာလား"

"ဟုတ်တယ် အားကျူးရေ တလက်စ,တည်း မိတ်ဆက်ပေးရဦးမယ်။ ဒါက ကျဲရဲ့ fiancéeလေ ရှောင်းကျန့်တဲ့ မင်းတို့ကျောင်းကပဲ"

ယွင်ကျဲဆိုသူရဲ့ စကားကြောင့် ရိပေါ်အယောင်ယောင် အမှားမှားနဲ့ ခေါင်းမော့ကြည့်မိတော့ သူ့ကိုအကြည့်စူးစူးတွေနဲ့ ‌ကြည့်နေတဲ့ရှောင်းကျန့်ကို တွေ့လိုက်ရတယ်။ ဖြစ်ချင်တော့ သူက ကျိုးချန်နဲ့ ရှိုးလီကောရဲ့ အလယ်မှာ။

"အားကျူးနဲ့ ကျဲကညီအစ်မဆိုတော့ ရှိုးလီကောက?"

"အာ... သူက ကျဲမောင်လေးလေ။ ကောင်စုတ်လေး အစ်မကိုတွေ့တာတောင် မသိချင်ယောင်ဆောင်နေတယ်"

Kiss Me QuickWhere stories live. Discover now