20

1.4K 145 9
                                    

ဆေးရုံခန်းထဲကို ဝင်လာတဲ့ ရှောင်းကျန့်မျက်နှာက နွမ်းနယ်နေတယ်။ ရိပေါ်ကတော့ ပြုံးပြုံးလေးနဲ့ပဲ ကုတင်ပေါ်ကနေ ထိုင်ကြည့်နေပါတယ်။

"ကလေး ဒီနေ့ ဘယ်လိုနေလဲ ဟင်"

ရိပေါ်လိုက်ကြည့်နေတာကို သိသွားတဲ့ ရှောင်းကျန့်က ကုတင်နားလာရင်း ဗိုက်လေးကိုထိကိုင်ကာ မေးတယ်။

"အဆင်ပြေပါတယ် ကိုကို။ ကျွန်တော် ညနေကတောင် လမ်းဆင်းလျှောက်သေးတယ်။ OG departmentဘက်ကို"

ရိပေါ်ရဲ့စကားကြောင့် ရှောင်းကျန့်တုန်လှုပ်မိသွားတာ အမှန်။ သူ့အမေရဲ့ ခိုင်းစေမှုကြောင့် မငြင်းနိုင်တဲ့ ရှောင်းကျန့်က သူ့အမေအလိုကျ ဒီနေ့ ချောင်လီယွင်နဲ့ ကလေးယူဖို့ကိစ္စဆွေးနွေးတဲ့ဆီ လိုက်သွားရတယ်။

ရှောင်းကျန့်ဘက်က အဖြေကို မစောင့်ဘဲ လုပ်ချင်ရာလုပ်နေတဲ့ အမေဖြစ်သူကြောင့် စိတ်ပျက်နေတဲ့‌ ရှောင်းကျန့်က တစ်ဖက်မှာလည်း ရိပေါ်သိသွားမှာကို ပူပန်နေရသေးတယ်။ သူကြောက်တာ ရိပေါ် စိတ်ထိခိုက်မှာကိုသာ။ သူစိုးရိမ်တာ ရိပေါ်ထိခိုက်မှာကိုသာ။ မားက သူ့အားနည်းချက်ကို ကောင်းကောင်းချုပ်ကိုင်ထားနိုင်တော့ ရှောင်းကျန့်မှာ ရုန်းမရတဲ့ နွံထဲနစ်နေရတယ်။

"ကိုကို စားပြီးပြီလား"

ရိပေါ်က မျက်နှာလေးငယ်သွားတဲ့ ရှောင်းကျန့်ကြောင့် ဆက်ပြီး မခနဲ့ချင်တာနဲ့ပဲ စကားလွှဲဖြစ်လိုက်တယ်။ အချစ်က တကယ်ပဲ လူကို ပျော့ညံ့စေပါတယ်။

"ကိုယ် အပြင်က စားခဲ့ပါတယ်။ ကလေးရော"

"ကျွန်တော်လည်း စားပြီးပြီ"

ပြောစရာစကားတွေ မရှိတော့သလို တိတ်ဆိတ်သွားတဲ့စကားဝိုင်းက လူတွေကို အတွေးပွားစေတယ်။

ရိပေါ်လည်း ရှောင်းကျန့်ကို ဘာမှပြောမနေတော့ဘဲ ဖုန်းကိုပဲကြည့်နေလိုက်တော့တယ်။

ဟိုကြည့် သည်ကြည့် ကြည့်နေရင်း ဘေးမှာလာဝင်ထိုင်တဲ့ ရှောင်းကျန့်ကြောင့် တစ်ဖက်ကိုတိုးပေးလိုက်သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က လက်ထပ်ထားကြတဲ့သူတွေပဲမို့။

Kiss Me QuickWhere stories live. Discover now