Letter to ❤️

1.2K 108 26
                                    

ပထမဆုံးအနေနဲ့ပြောချင်တာကတော့ ကျေးဇူးတင်ပါတယ်ဆိုတာပါပဲ။ ဒါလေးကို စရေးတုန်းက ဘာ plotမှ ရေရေရာရာရှိခဲ့တာ မဟုတ်ဘူးရယ်။ ကျောင်းသားလေးနှစ်ယောက်ကြားက အချစ်ကိုရေးမယ်ပေါ့ ရေးရင်းရေးရင်း နောက်ဆုံးတော့လည်း ပြီးသွားတာပါပဲ။ plotလည်းမရှိ ဇာတ်အိမ်လည်းမခိုင် ကလေးအတွေးသာသာ fanficလေးကို ဝိုင်းပြီးချစ်ပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ လိုအပ်ချက်တွေအများကြီးရှိနေသေးတာ သိပါတယ်။ ရေးရင်းရေးရင်းနဲ့ပဲ ပိုပိုဆုတ်ယုတ်လာ‌တာတော့ ကယေးလည်းမတတ်နိုင်ဘူး ဟီးဟီး

စကားတွေအများကြီးပြောချင်တာ ဒါပေမယ့် အတာ်အတံ့ပြောတော့မယ်ဆို ဘာပြောရမလဲမသိတော့ဘူး စကားအပြောအဆိုမတတ်တော့ ဆဲသလိုပဲဆိုတော့လေ စိတ်ခုတာတွေဘာတွေရှိစေမိရင်လည်း ဒီနေရာကနေ တောင်းပန်ပါတယ်နော်။

ပြီးတော့လေ ကျွန်တော်က လူတစ်မျိုး ဘယ်လိုပြောပြောစိတ်မဆိုးတတ်ဘူး။ အခုထိ ကျွန်တော်စိတ်ဆိုးအောင် ပြောနိုင်တဲ့သူတွေလည်းမရှိသေးဘူး။ commentတွေထဲမှာပေါ့နော်။ တခါတလေ အလှလေးက စနောက်ပြီးပြောလိုက်တာတွေက နားလည်မှုလွဲတာတွေ ဘာတွေ ညာတွေ ဖြစ်စေခဲ့ရင် တောင်းပန်ပါတယ်နော် ပြောတော့ပြောမိမှာပေါ့ ကလေးပဲ ဟွန်း

ပြီးတော့ ကယေးက Heavy dramaတွေ တအားရေးချင်တာ။ ဖတ်ရင်သာ အသေလောင်ပြီး ဖြစ်ပျက်နေတာ ရေးတာကျအဲ့တာမျိုးပဲရေးချင်တယ်။ အိမ်ထောင်ရေးဇာတ်တွေဆိုလည်း ဒါက ပါးပါးလေးရှိသေးတာ အသေ ပူလောင်ပြီး မြေ့နေအောင် ခံစားရတဲ့ဟာမျိုးတွေရေးချင်တာ ဒါပေမယ့် အဲ့လောက်ထိ မရေးရက်ဘူး ကိုယ့်လူတွေကို အဲ့လိုမဖြစ်စေချင်တာကြောင့်ရယ် ပြီးတော့ Idol image လည်း ကြည့်ရသေးတာကိုး

ရေးချင်တာက တကယ့်ကို လောင်နေရမယ့်ဟာမျိုး ရေးနေမိတာတွေက ပေါတောတောတွေ><

ဇာတ်သိမ်းအတွက် အတော်လေး စဉ်းစားရပါတယ် စာရေးကောင်းတဲ့သူမဟုတ်တော့ အဆင်ပြေအောင် မနည်းကြိုးစားရေးရပါတယ်။ ဒါတောင် အဆင်မပြေပါဘူး။ အဲ့တာကြောင့် အဲ့အတွက်လည်း တောင်းပန်ပါတယ်ရှင်။

တချို့ အားမရတဲ့သူတွေရှိမယ်ထင်ပါတယ်။ ရိပေါ်ကို ထွက်သွားခိုင်းပြီး ရှောင်းကျန့်ကိုပြန်ခံစားစေဖို့ကျတော့လည်း ထွက်သွားပြီဆို အပြီးပါပဲ။ လုံးဝ ပြန်လာခိုင်းမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကာရိုက်တာတွေအရ တွေးကြည့်တဲ့အခါမှာ ဝမ်ရိပေါ်က ရှောင်းကျန့်ကို အရမ်းကိုချစ်ပါတယ်။ ချစ်လွန်းလို့လည်း သူအမြဲတမ်း သည်းခံပြီး သူတတ်နိုင်သလောက် နည်းလမ်းတွေနဲ့အမြဲတမ်းချစ်ပေးတဲ့သူပါ။ အဲ့အတွက် သူ့နေရာကနေဆို ရှောင်းကျန့်ကိုထားမသွားနိုင်တာ သဘာဝကျမယ်ထင်ပါတယ်နော်။ ပြီးတော့ ကိုကို့နေရာက ကြည့်ပါမယ်။ ကိုကိုကလူဆိုးပါ။ ဒါပေမယ့် ဝမ်ရိပေါ်ကိုတော့ တုန်နေအောင်ချစ်ပါတယ်။ ချစ်လွန်းလို့လည်း မရရအောင်ယူပြီး မိသားစုကိုပါ ဆန့်ကျင်ထားတာပါ။ အဲ့ဒီ့အတွက် နှစ်ယောက်သား အတူတူရင်ဆိုင်ပြီး မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်း ဖြေရှင်းလိုက်တာက အကောင်းဆုံး နည်းလမ်းလို့တွေးခဲ့ပါတယ်။

Kiss Me QuickWhere stories live. Discover now