//Chapter 1//

17.8K 2K 94
                                    

Unicode

ဆောင်းဦး၏မိုး ရွာသွန်းပြီးနောက် လေထုဟာ အေးမြစိုစွတ်နေလျက်။

မနေ့ညက ချင်ယင်း၏တာဝန်ချိန်ဖြစ်ပြီး ဒီနေ့ကသူမရဲ့နားရက်ဖြစ်သည်။ မနက်ခင်းသူမအိမ်ကိုပြန်ရောက်တဲ့အချိန် ကလေးနှစ်ယောက်က ကျောင်းသွားနှင့်ကြလေပြီ။ ဒါ့အပြင် သူတို့ နေ့လည်စာကိုလည်း ကျောင်းမှာပဲစားကြသည်။ သို့ဖြစ်ရာ သူမ ဒီညအတွက် ဝက်သုံးထပ်သားဝယ်လာခဲ့ပြီး ကလေးတွေအတွက် ညစာကောင်းကောင်းလေးဖြစ်အောင် ချက်ပြုတ်လိုက်၏။

ကျန်းဖျင်ကျင်းသည်လည်း အိမ်ကိုစောစောပြန်ရောက်လာသည်။ သူ့လက်ကိုဆေးကြောပြီး စားပွဲမှာထိုင်လိုက်ရင်း သူ့သားငယ်၏စာသင်ကြားမှုအခြေအနေကို မေးမြန်းလိုက်သည်။ ရုတ်တရက် သူတိုးညင်းပြီးအားဖျော့တဲ့ အသံတစ်ခုကိုကြားလိုက်ရသည်။

သူ့သားငယ်နဲ့ယှဉ်လျှင် သူ့သားကြီးကို သူသိပ်သဘောမကျပေ။ သူ့သားကြီးက အဆင့်ကောင်းပြီး စာရိတ္တလည်းကောင်းပေမဲ့ အားနည်းတဲ့အကျင့်စရိုက်ရှိသည်။ ခြင်တစ်ကောင် တီးတိုးဆိုနေသကဲ့သို့ ထိုကလေးပြောတာအား သူကြားလိုက်ရသည့်အချိန်တိုင်း သူ့မှာရိုက်ချင်စိတ်ကို ထိန်းထားရ၏။

ညစာစားပွဲမှ လေထုက အတန်ငယ်ပြောင်းလဲသွားသည်။ ကျန်းဖျင်ကျင်း အေးစက်စက်မျက်နှာထားနှင့် ပြောလိုက်သည်
“ထပ်ပြောစမ်း ငါမကြားရဘူး ”

ချင်ယင်းလည်း မျက်မှောင်ကြုတ်လိုက်သည်။

ကျန်းယိုရှို့က ထမင်းကိုတူနဲ့ဖွနေသည့် သူ့အစ်ကိုကို ကြည့်လိုက်သည်။ ကျန်းယွမ်ပိုင်လည်း သူတို့ကိုကြည့်ကာ မသက်မသာဖြစ်လာပြီး ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။
“ ကျွန်…ကျွန်တော်ကျောင်းပြောင်းချင်တယ် ”

“ တစ်ယောက်ယောက်သားကို အနိုင်ကျင့်ပြန်ပြီလား ?…” ချင်ယင်းမေးလိုက်၏
“ ဘာဖြစ်တာလဲ? မား သား*လောင်ရှီးနဲ့ စကားသွားပြောလိုက်မယ် ”

[*老师 - Teacher ]

ကျန်းယွမ်ပိုင် လျင်မြန်စွာပင် ငြင်းဆန်လိုက်သည်။
“ မဟုတ်ပါဘူး ..ဘယ်သူမှ ကျွန်တော့်ကို အနိုင်မကျင့်ပါဘူး ”

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now