//Chapter 8.2//

5.5K 1K 26
                                    

Unicode

ကျန်းယွမ်ပိုင်ရဲ့အိပ်ဆောင်မှာ အိမ်ကနေတက်တဲ့ကျောင်းသားတွေအပြည့်ရှိပေမဲ့လည်း အများအားဖြင့် သူတစ်ယောက်သာလျှင် တစ်ရေးလာအိပ်လေ့ရှိ၏။ ကျန်လူတိုင်းက ပျင်းနေကြပြီး အမြဲလိုလိုအတန်းထဲမှာသာ အိပ်ကြသည်။ ကျန်းယွမ်ပိုင်မှာ ကိုယ်တွင်းနာရီရှိလေသည်။ နေ့လယ်ခင်းမှာ အချိန်ကျပြီဆိုတာနဲ့ သူအမြဲတမ်းတစ်ရေးအိပ်လေ့ရှိသည်။ သူနားကြပ်တပ်နှင့် မျက်လုံးအကာကို တပ်လိုက်ပြီးနောက် ရွက်ဖျင်တဲပုံစံအိပ်ရာပေါ်မှာ တစ်ခဏကြာ အိပ်စက်လိုက်သည်။ သူအိပ်မောကျနေသေးတဲ့အချိန်မှာပဲ ရုတ်ခြည်းပင် အနံ့ကောင်းကောင်းလေးတစ်ခု ရလိုက်၏။ ကန်တင်းမှအစားအသောက်တွေက အရသာမရှိတာကြောင့် သူအများအားဖြင့် ဗိုက်ပြည့်လေ့မရှိပေ။ အိမ်ပြန်ရောက်မှသာ တစ်ခုခုထပ်စားလေ့ရှိသည်။  ဒီတစ်ခဏမှာ သူထင်လိုက်တာက ညစာစားချိန်ရောက်နေပြီဟုပင်။

သူ မျက်လုံးအကာကို ချွတ်ကာ ဇစ်ကိုဖွင့်လိုက်တော့ သူ့ရှေ့မှာဒူးထောက်နေတဲ့ရှီပုဖန်ကို တွေ့လိုက်ရသည်။ သူနိုးသွားတာကိုမြင်တော့ ရှီပုဖန်ကမေးဆတ်ပြပြီး ပြောလာ၏
“ ဟော့ပေါ့အစပ်ဆို…မြန်မြန်စား”

ကျန်းယွမ်ပိုင် တစ်မဟုတ်ချင်းထထိုင်လိုက်ပြီး အံ့အားသင့်စွာမေးလိုက်သည်။
“ မင်း ဒါကို ဘယ်နေရာကရလာတာလဲ? ”

“ ငါဝယ်လာတာမှန်း အသိသာကြီးလေ”
ရှီပုဖန် ထိုင်ခုံတစ်ခုံဆွဲယူကာ ထိုင်လိုက်သည်။ သူကိုယ်တိုင် ထမင်းတစ်ပန်းကန်ယူလိုက်ပြီး ဟော့ပေါ့ထဲက ပုစွန်နဲ့အသားတွေကို ခပ်၍ ကျန်းယွမ်ပိုင်ရဲ့ပန်းကန်ထဲထည့်ပေးလိုက်၏။ သူပြောလိုက်သည်
“ မြန်မြန်စား..အတန်းစတော့မယ် ”

ကျန်းယွမ်ပိုင်လည်း သူပြောတဲ့အတိုင်းလိုက်လုပ်ကာ စားစရာတွေကို အငမ်းမရစားသုံးတော့သည်။ သူ့ပါးနှစ်ဖက်က ထိုးသိပ်ထည့်ထားတဲ့ထမင်းတွေနဲ့ ပြည့်နေကာ သူဟော့ပေါ့အစပ်ကို မယုံကြည့်နိုင်စွာကြည့်ပြီး တီးတိုးရေရွတ်လိုက်၏
“ ငါကျောင်းထဲမှာ အပြင်စာကိုစားဖူးတာ ဒါပထမဆုံးအကြိမ်ပဲ ”

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now