//Chapter 20//

4.7K 1K 30
                                    

Unicode

ရှီပုဖန် ကျန်းယွမ်ပိုင်ကို ရိုက်တောင်မရိုက်ရသေးခင်မှာဘဲ သူ့မျက်ဝန်းထဲ မျက်ရည်တွေဝဲလာပြီဖြစ်ကာ ကျဆင်းတော့မယောင်ပင်။

ရှီပုဖန်က လူယုတ်မာကြီးပဲ။ အရမ်းကို လူပါးဝတဲ့လူယုတ်မာကြီး။ သူ့ကို သူဒီလိုလုပ်ရဲတယ်ပေါ့? သူကတော့ ရှီပုဖန်က လူကောင်းလေးပါလို့တောင် တွေးခဲ့တာလေ
ရှီပုဖန်ကလှုပ်တောင်မလှုပ်ရှားပေ၊ တကယ်လို့ သူက ကျန်းယွမ်ပိုင်ကို နမ်းလိုက်ရင် တစ်ဖက်လူက မငြင်းရဲဘဲ သေချာပေါက်လက်ခံမယ်လို့ ထင်ခဲ့တာဖြစ်သည်။

ဘုရားရေ။ သူ့မိဘတွေက သူ့လို အဖိုးတန်ရတနာသေးသေးလေးကို ဘယ်လိုပြုစုပျိုးထောင်ပေးခဲ့ပါလိမ့်?

ရှီပုဖန်ရဲ့နှလုံးသားကို လက်အကြီးကြီးတစ်ဖက်နဲ့ ဆွဲညစ်ထားသလို ခံစားလိုက်ရပြီး သူ့ကိုနာကျင်စေသလို တစ်ချိန်တည်းမှာပဲ ပျော်ရွှင်မှုကိုလည်း ခံစားရသည်။

သူ သူ့နားဖျားလေးကိုဆိတ်လိုက်ပြီး သူ့ရဲ့ခက်ထန်တဲ့သွင်ပြင်ကိုရပ်တန့်လိုက်ကာ ညင်သာသောအသံလေးဖြင့်
" မင်းအနာဂတ်မှာ အခု ငါ့လိုမျိုးကိုတွေ့ရင် ဘာလုပ်ရမလဲဆိုတာ သိပြီလား?"

ကျန်းယွမ်ပိုင်စိတ်ရှုပ်ထွေးသွား၏။

" ငါက မကောင်းတဲ့ကောင်တွေ ပြုမူပုံကို တုပပြီးလုပ်ပြရုံပါ ဒါမှ မင်းနောင်ကျရင်ဘယ်လိုလုပ်ရမယ်ဆိုတာကို သိမှာလေ" ကျန်းယွမ်ပိုင်ရဲ့ရှုပ်ထွေးနေတဲ့အကြည့်ကို မြင်လိုက်ရတော့ ရှီပုဖန်နေရာရွှေ့လိုက်ကာ
" မင်း ဆိုးယုတ်တဲ့ရည်ရွယ်ချက်တွေရှိနေတဲ့ မကောင်းတဲ့အကောင်တစ်ကောင်နဲ့တွေ့ပြီဆိုရင် မင်းတစ်ခုခုရှာပြီး သူ့ခေါင်းကိုပြင်းပြင်းထန်ထန်ရိုက်ဖို့လိုတယ်။ အဲ့နောက်မှာတော့ သူလှုပ်ရှားနိုင်သေးတာပဲဖြစ်ဖြစ် မလှုပ်နိုင်တော့တာပဲဖြစ်ဖြစ် ပြေးသာပြေးတော့။ ထွက်ပြေးပြီး အကူအညီအော်တောင်းရမယ်။ မင်းဒီလိုမျိုးငိုနေလို့ပဲမရဘူး နားလည်လား?"

ကျန်းယွမ်ပိုင်က သူ့ကို စိတ်တိုစွာစိုက်ကြည့်လိုက်ပြီး
" မင်းကလွဲပြီး ဘယ်သူမှငါ့ကိုအဲ့လိုမလုပ်ဘူး!"

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now