//Chapter 10.2//

5.3K 1.2K 17
                                    

Unicode

အင်္ဂလိပ်အတန်းပြီးသွားတဲ့အချိန်မှာ လူတိုင်းက အိမ်စာတွေရကြလေသည်။ ရှီပုဖန်က ယင်းကိုကိုစိုက်ကြည့်လိုက်ပြီးနောက် သူ့နားသန်သီးလေးကို နောက်တစ်ကြိမ်ထပ်ထိလိုက်ကာ ရှေ့မှကောင်လေးအားထပ်မံဆောင့်ဆွဲလိုက်သည်။
“ နေရာလဲရအောင် ”

သူ မျက်နှာပြောင်ပြောင်နဲ့ပင် အရှေ့မှာ ပြတ်ပြတ်သားသားထိုင်လိုက်သည်။ ကျန်းယွမ်ပိုင်က သူ့အိမ်စာလုပ်တဲ့နေရာမှာ အာရုံစိုက်နေတဲ့အတွက် အနောက်ကလှုပ်ရှားမှုတွေကို လုံးဝမကြားသည်မှာ သူအပုတ်ခံလိုက်ရတဲ့အထိပင်။ သူအနောက်ဖက်ကို လှည့်ကြည့်လိုက်တော့ ရှီပုဖန်ရဲ့ပြုံးနေတဲ့မျက်နှာကို မြင်လိုက်ရသည်။
“ မင်းအိမ်စာလုပ်လို့ပြီးသွားတာနဲ့ ငါ့ကိုပေး၊ ဒါမှ ငါဒီည မင်းဟာကိုကူးလို့ရမှာ ”

ကျန်းယွမ်ပိုင်က
တုံ့ဆိုင်းစွာနဲ့ခေါင်းညိတ်လိုက်ပြီး
“ ငါပြီးတာနဲ့ မင်းကိုပေးပါ့မယ်”

ယဲ့လျန်က ရှီပုဖန်ရဲ့ အနောက်ဘက်ကလူဘေးနားမှာ ထိုင်နေတာပင်
“ ရှီကော မင်းကျန်းယွမ်ပိုင်ရဲ့အနောက်ကနေရော ကျောက်သင်ပုန်းကိုမြင်ရရဲ့လား? ”

“ ထွက်သွားစမ်း ”

သူသင်ပုန်းကိုမြင်နိုင်လား မမြင်နိုင်ဘူးလားဆိုတာ မရှင်းလင်းပေ။ သို့သော်ငြား သူစိတ်ဝင်စားတဲ့လူကိုတော့ ရှင်းရှင်းလင်းလင်းကြီးမြင်နိုင်တယ်လေ။ ရှီပုဖန် မေးထောက်ကာ ပျော်ရွှင်နေတဲ့စိတ်အခြေအနေနဲ့ ကျန်းယွမ်ပိုင်ကို ငေးကြည့်နေလိုက်၏။

အင်္ဂလိပ်စာတွင် ကျန်းယွမ်ပိုင်၌ သေသပ်၍ရှင်းလင်းပီသသောလက်ရေး ရှိပေသည်။ ယင်းက ရှီပုဖန် သူ့အိမ်စာကိုကူးရေးရတာကို ကျေနပ်ပျော်ရွှင်စေလေသည်။ သူကူးနေရင်း ကျန်းယွမ်ပိုင်ကိုဖျတ်ခနဲတစ်ချက်ကြည့်လိုက်ပြီး သူမသိလိုက်ပါဘဲ သူ့နှုတ်ခမ်းထောင့်တွေ ကော့တက်လို့သွားသည်။

ကျန်းယွမ်ပိုင်က အစကတော့ ရှီပုဖန်သူ့နောက်မှာထိုင်တာကြောင့် ရှီပုဖန်ရဲ့လွှမ်းမိုးသက်ရောက်မှုကိုခံရမှာကို စိုးရိမ်နေတာဖြစ်သည်။ သို့ပေတည်း မထင်မှတ်ထားစွာပဲ ရှီပုဖန်က တိတ်တိတ်ဆိတ်ဆိတ်ပဲနေကာ သူ ကျန်းယွမ်ပိုင်ကို လှမ်းပုတ်တဲ့အချိန်တိုင်းကလည်း နားချိန်အတောအတွင်းမှာပင်။ သူက အတန်းတက်နေတဲ့အချိန်အတွင်း သူ့(ကျန်းယွမ်ပိုင်)ကို လုံးဝမနှောင့်ယှက်လေဘူး။

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now