//Chapter 12.2//

5K 1.2K 36
                                    

Unicode

ဖုန်းချပြီးနောက် ကျန်းယွမ်ပိုင် သူ့ဘောပင်အား တစ်ဖန်ပြန်ကိုင်လိုက်သည်။ ရှီပုဖန်က သူ့အား ခပ်သွက်သွက်တစ်ချက်ကြည့်ပြီးနောက် သူ့ခေါင်းကို တစ်ဖန်ပြန်ငုံ့လိုက်၏။ သို့သော်ငြား သူ့နှုတ်ခမ်းထောင့်လေးတွေက ကွေးတက်သွားခဲ့သည်။

ဆယ်မိနစ်ကြာပြီးနောက် ရှီပုဖန်က ပြောလာလေသည်
“ ငါပြီးသွားပြီ။ မင်းစစ်လို့ရတယ်”

ကျန်းယွမ်ပိုင် ယင်းကို သူ့ဆီကနေ ယူလိုက်တော့ အမှားသေးသေးလေးတချို့တလေကိုတွေ့လိုက်ရာ တစ်ဖက်လူအား ရှင်းပြပေးလိုက်ချင်မိသည်။ သို့ပေတည်း သူမော့ကြည့်လိုက်တဲ့အချိန်မှာ ရှီပုဖန်က ကော့တက်နေတဲ့နှုတ်ခမ်းတွေဖြင့် သူ့ဘက်အား လျှောက်လာသည်ကို ရုတ်ခြည်းသတိပြုလိုက်မိ၏။

“ ကိုးနာရီတောင်ကျော်နေပြီပဲ။ မင်းဗိုက်ဆာနေပြီလား? ”

“ ဒါဆိုလဲ ကန်တင်းသွားပြီး အဲ့မှာ စားစရာတွေရှိသေးလား သွားကြည့်ရအောင်လေ”

“ ဘာလို့ကန်တင်းကိုသွားမှာလဲ? အပြင်ထွက်စားရအောင်။ မင်းBBQစားချင်လား? ”

ကျန်းယွမ်ပိုင်တုံ့ဆိုင်းနေတဲ့အချိန် ရှီပုဖန်က နူးညံ့စွာပြောလိုက်သည်
“ မင်းဘာတွေကြောက်နေတာလဲ..ငါပြီးရင် မင်းကိုကျောင်းကိုပြန်ပို့ပေးပါ့မယ် ဒါမှမဟုတ် အိမ်ပြန်မယ်ဆိုရင်တောင် ပြန်ပို့ပေးမယ်”

“ ဒါဆိုလဲ ငါတို့စားပြီးတဲ့အခါကျ ငါ့ပါးကိုပဲ လာကြိုခိုင်းလိုက်တော့မယ် ”

ရှီပုဖန်တွင် ငြင်းဆန်စရာမရှိပေ။

ကျန်းယွမ်ပိုင်ကို သူ့မိဘတွေက ဒီလိုအပြင်စာတွေ မစားခိုင်းတဲ့အတွက် သူBBQမစားရတာ အတော်ကြာနေပြီပင်။ ကျန်းယွမ်ပိုင်တွင်လည်း ပုံမှန်သတ်မှတ်ထားတဲ့မုန့်ဖိုး ရှိလေသည်။ သူ့ကိုမုန့်ဖိုးပေးတဲ့အချိန်တိုင်း ချင်ယင်းက သူဘယ်မှာသုံးလိုက်လဲဆိုတာ ပြန်မေးလေ့ရှိ၏။

ကျန်းယွမ်ပိုင်က သူ့အိတ်ကပ်ထဲကနေ သူရှီပုဖန်၏ဆေးရုံစရိတ်ရှင်းပေးဖို့ စီစဉ်ထားတဲ့ပိုက်ဆံကို ယူရင်း ပြောလိုက်သည်
“ ဒီနေ့ ငါမင်းကိုဝယ်ကျွေးမယ် ”

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now