//Chapter 8.1//

6.3K 1.2K 23
                                    

Unicode

ဘတ်စ်ကားက ဆင်းရမဲ့မှတ်တိုင်ကိုရောက်လာပေမဲ့ ကျန်းယွမ်ပိုင်ကတော့ ကားနောက်တစ်ကြိမ် စတင်မမောင်းခင်အထိ မလှုပ်ရဲလေဘူး။ ရှီပုဖန်က သူ့ကိုပြောပြလာသည်
" ဒီမှတ်တိုင်မှာ ဆင်းသင့်တဲ့သူတွေအားလုံး ဆင်းသွားကြပြီ "

ကျန်းယွမ်ပိုင်က ရုတ်ခြည်းပင် သူ့ခေါင်းကိုကျောင်းဝတ်စုံထဲမှ ထုတ်လိုက်၏။ သူ့ရဲ့မူလတည်းက ခပ်ယဲ့ယဲ့လေးကွေးနေတဲ့ဆံပင်တွေက ပိုရှုပ်လာပြီး မျက်ဝန်းတွေကလည်း စိုစွတ်နေလျက်။ သူ၏ဖွေးပြီးဖြူလျော့နေတဲ့ မျက်နှာလေးကလည်း အခုချိန်မှာနီရဲနေပြီး သူ့ပုံစံက...နီရဲပြီး အရည်ရွှမ်းတဲ့ပန်းသီးလေးတစ်လုံးလိုပင်။

ရှီပုဖန်က သူ့မျက်လုံးတွေကို မှေးကျဉ်းလိုက်သည်။

ကျန်းယွမ်ပိုင်က သူ့အကြိုက်နဲ့ကိုက်မှန်း သူသတိပြုမိသွားသည်၊ သူ့စရိုက် ဒါမှမဟုတ် အသွင်အပြင်က မည်သို့ဖြစ်နေပါစေပင်။

ကျန်းယွမ်ပိုင်က ကျောင်းဝတ်စုံကို ရှီပုဖန်ဆီပြန်ပေးလိုက်ပြီး သူ့ကျောပိုးအိတ်ကိုဆွဲယူကာ လက်မောင်းအတွင်းပိုက်ထားလိုက်၏။ သူပြောလိုက်သည်
" ငါနောက်မှတ်တိုင်မှာပဲ ဆင်းလိုက်ပြီးတော့ အိမ်ကို လမ်းလျှောက်ပြန်လိုက်တော့မယ်။ မင်း ငါ့နောက်ဆက်လိုက်ဖို့ မလိုတော့ဘူး"

" ငါမင်းနဲ့တူတူ လမ်းလျှောက်နိုင်ပါတယ် " သူ့ 'သူငယ်ချင်းကောင်းလေး'ကို ရှီပုဖန်က အလွန့်အလွန်ပင် ဂရုစိုက်နေလေ၏။
" အဆုံးမှာတော့ ငါလည်း အိမ်မှာ လုပ်စရာမှမရှိတာ "

ကျန်းယွမ်ပိုင်က ခေါင်းကိုလေးလေးနက်နက်ယမ်းကာ ပြောလိုက်သည်
" အိမ်ကို င့ါဘာသာငါပြန်နိုင်တယ် "

အခုအချိန်မှာ သူ့နှလုံးသားက အရှိန်ပြင်းပြင်းခုန်ပေါက်နေလေသည်။ ဘာလို့ ရှီပုဖန်ကို သူ့နောက် ဆက်လိုက်ဖို့ခွင့်ပြုရမှာလဲ? ရှီပုဖန်ရဲ့အကူအညီကိုသူငြင်းလိုက်ပြီးနောက် သူနှလုံးရောဂါ ခံစားနေရကာ အချိန်မရွေးသေသွားနိုင်သလို ခံစားလိုက်ရသည်။

သူ၏ဆုံးဖြတ်ထားတဲ့အကြည့်တွေကို မြင်လိုက်ရတဲ့အခါမှာတော့ ရှီပုဖန် ညှိုးငယ်စွာဖြင့်
" ကောင်းပြီလေ "

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now