//Chapter 13.1//

5.3K 1K 19
                                    

Unicode

" မင်းဘာလို့ ဘာမှမပြောတာလဲ?" ရှီပုဖန်ပြောလိုက်၏
" ဒါဆိုလဲ ငါအထဲဝင်ပြီနော်။ တကယ်လို့မင်းအိမ်ပြန်ချင်တယ်ဆိုရင် ဒရိုင်ဘာကို မင်းလိပ်စာပြောပြလိုက် "

ဒရိုင်ဘာက အစောတည်းက ကားမောင်းထွက်သွားပြီဖြစ်တာမို့ သူရှာလို့တောင်မရတော့ပေ။ ကျန်းယွမ်ပိုင်က သူ့ကျောပိုးအိတ်သိုင်းကြိုးကို တင်းတင်းဆုပ်ကိုင်ထားပြီး ရှီပုဖန်ထွက်သွားတဲ့အခိုက် မရင်းနှီးတဲ့ခြံဝင်းမှာ ရပ်နေရတာက သူ့ကို အလွန်အမင်းအဆင်မပြေသလို ခံစားရစေသည်။ သူ့တွင် ရွေးချယ်စရာမရှိတော့ဘဲ ရှီပုဖန်နောက်ကိုသာ လိုက်သွားရတော့၏။

" ဖန်ဖန်ပြန်လာပြီ "
အထဲကနေ အမျိုးသမီးတစ်ယောက်အသံထွက်လာပြီး ရှီပုဖန်နောက်ကနေ ကျန်းယွမ်ပိုင်မော့ကြည့်လိုက်သည်။ သူမ လှေကားကနေဆင်းလာတဲ့အချိန်မှာပဲ ကျန်းယွမ်ပိုင်ကမြင်တွေ့သွားကာ မင်သက်သွားသည်မှာ ရှင်းလင်းလှသည်။ အဲ့နောက် သူမပြုံးကာ ပြောလိုက်၏
" မင်းက သူငယ်ချင်းကိုတောင် ခေါ်လာတာပဲ။ ဟယ်လို *အားရီက ရှီပုဖန်ရဲ့အမေပါ"

[*အမေ့ဘက်က အဒေါ်ကို ခေါ်တဲ့အသုံးပါ။ ဒါပေမဲ့ (အပြင်လူ)အန်တီကြီးတွေကိုလဲ ခေါ်တဲ့အခါသုံးပါတယ်]

ကျန်းယွမ်ပိုင် ခပ်မြန်မြန် ပြန်နှုတ်ဆက်လိုက်သည်။
" ဟယ်လို အားရီ "

သူ့စိတ်ထဲမှာ နောက်ထပ်မေးခွန်းတစ်ခု ဖျတ်ခနဲပေါ်လာသည်။

ရှီပုဖန်ကို ကယ်ပေးတဲ့အတွက် သူ့အိမ်ကိုလာကာ ကျေးဇူးတင်သွားတဲ့မာမားရှီက ယနေ့တစ်ယောက်နှင့် မတူညီလေဘူး။

ရှီပုဖန်က သူမနှင့်စိတ်အနှောင့်အယှက်ဖြစ်ခံမနေဘဲ ကျန်းယွမ်ပိုင်လက်ကိုဆွဲကာ အပေါ်ထပ်ဆီခေါ်သွားသည်။ မာမားရှီက အောက်ထပ်မှာ ရပ်နေလေပြီး မော့ကြည့်၍ ပြောလာသည်
" သားအတွက် ရေချိုးကန်ထဲမှာ မားရေနွေးစပ်ထားပေးပြီးပြီ။ ရေအရင်ချိုးလိုက်နော် "

ရှီပုဖန်ကဘာမှပြန်မပြောပေ။

သူတို့အပေါ်ထပ်ကိုရောက်တဲ့အခါ ရှီပုဖန်က ကျောပိုးအိတ်အား ဆိုဖာပေါ် ပစ်တင်လိုက်ပြီး သူ့ကိုပြောလာ၏
" အရင်သွားဆေးကြောလိုက်။ မင်းရဲ့အဝတ်အစားတွေကို အဝတ်လျှောက်စက်ထဲသာ ပစ်ထည့်ထားလိုက်၊ မနက်ကျခြောက်သွားလိမ့်မယ် "

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now