//Chapter 6//

7.2K 1.3K 27
                                    

Unicode

Chapter 6
______________________

ရှီပုဖန်က ရန်ပွဲကိုအစပြုလိုက်သည်။ ဖြစ်ရပ်တစ်ခုလုံးက ရှုပ်ယှက်ခတ်နေပြီး ကျန်းယွမ်ပိုင်လည်း ရှော့ခ်ရစွာဖြင့် အနောက်ကိုဆုတ်သွားမိ၏။ သူ တကယ်ကို ရန်ပွဲတွေအား ကြောက်ရွံ့သည်။ သူ့အရင်အိမ်အဟောင်းက ခွေးလေးနှစ်ကောင် တစ်ကောင်နဲ့တစ်ကောင်စနောက်ပြီး ဆော့ကစားနေကြတဲ့အချိန်မှာတောင်မှ သူအနားကိုမကပ်ရဲလေဘူး။

ဘယ်သူက ရှီပုဖန်နဲ့ရန်ဖြစ်ချင်နေတာလဲ?...မဟုတ်ဘူး ဒါကရန်ပွဲတောင်မဟုတ်ဘူး။ ရှီပုဖန် တစ်ယောက်ယောက်ကို ရိုက်နေတဲ့ တစ်ဖက်သတ်,သတ်ပွဲကြီးပဲ။

အနီးအနားမှမိန်းကလေးတွေက ကြောက်လန့်တကြား အော်ဟစ်နေကြသည်။ ကျောင်းစည်းကမ်းထိန်းသိမ်းရေးဌာနကလည်း ကြားလည်းမဝင်ရဲသလို ရန်ပွဲကိုလည်းမတားရဲကြပေ။ သူတို့မြန်မြန်ဆန်ဆန်ပဲ ဆရာတစ်ယောက်ကိုသွားပြေးခေါ်ပြီးတော့ လော်စပီကာတစ်ခုနှင့် ပြေးလာကြသည်။ ပြေးရင်းနဲ့ပဲ သူတို့အော်ဟစ်လိုက်၏
“ ဘယ်သူလဲ ? ဘယ်ကောင်တွေရန်ဖြစ်နေကြတာလဲ?! လူတိုင်း မင်းတို့အခုလုပ်နေတာကို ရပ်လိုက်ကြစမ်း!!”

လင်ခွမ်းမှာ ရှီပုဖန်၏လက်သီးချက်တွေကို ပြန်ခုခံဖို့စွမ်းရည်တောင် မရှိပေ။ သူ့နှလုံးသားထဲမှာ ကျိန်ဆဲနေရတော့သည်။ သူပြန်ချဖို့ အခွင့်အရေးလေးတစ်ခုတောင်မှ မရလိုက်ဘူး!

ငယ်ရွယ်ပြီးသန်မာတဲ့ဆရာအချို့က ကလေးတွေကို ဆွဲခွာရန် ပြေးလာကြသည်။ ကျောင်းအုပ်ကြီးက ရှီပုဖန်ကိုမြင်လိုက်တဲ့အချိန်မှာတော့ စတင်တုန်ယင်လာတော့သည်
“ ရှီပုဖန်!! မင်းလုပ်နေတာကို ရပ်လိုက်တော့! သူ့ကိုချထားလိုက်! သူ့ကိုချထားလိုက်တော့!”

ဆရာတစ်ယောက်က လားတစ်ကောင်ကဲ့သို့ခေါင်းမာလှတဲ့ ရှီပုဖန်ကို အမောတကောဖြင့် ဆွဲလိုက်သည်။ သူပြန်ဆွဲခံလိုက်ရတဲ့ အချိန်မှာတောင် ရှီပုဖန်က တစ်ဖက်လူကို နောက်ဆုံးအကြိမ်ကန်လိုက်ဖို့ မမေ့လေဘူး။ ကျောင်းအုပ်ကြီး၏မျက်ခုံးတို့ မြင့်တက်သွားရပြီး ဆူပူကြိမ်းမောင်းလိုက်သည်။
“ မင်းခေါင်းကိုလည်းကြည့်အုံး။ မင်းဘာလို့အိမ်မှာ အနားမယူရတာလဲ ဒီကိုဘာလာလုပ်တာလဲ? ”

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now