//Chapter 21.2//

5.4K 954 60
                                    

Unicode

ဤဆက်ဆံရေးကြောင့် ကျန်းယွမ်ပိုင်ဟာ ရှီပုဖန်ရဲ့နာမည်ကို ကြားလိုက်ရတဲ့အချိန်တိုင်း စိတ်လှုပ်ရှားလာ၏။ ထမင်းစားပွဲမှာ ထုံးစံအတိုင်း သူ့အဖေက မေးလာသည်
“ ဒီနေ့ရော ရှီပုဖန်ရန်ဖြစ်သေးလား? မင်းကရော သူနဲ့ ဘာတွေလုပ်နေတာလဲ? မင်းတို့ကောင်တွေ ကျောင်းစည်းကမ်းရော ချိုးဖောက်ခဲ့ကြသေးလား? ”

ကျန်းယွမ်ပိုင်ကလည်း ထုံးစံအတိုင်း သာမန်ကာလျှံကာပဲပြန်ဖြေပြီးတော့ သူ့ခေါင်းကိုသာ တိတ်တဆိတ်ခါယမ်းလိုက်သည်။ သူ့မားက သူ့ပန်းကန်ထဲ ဟင်းတွေထည့်ပေးလိုက်တော့ သူ စားစရာကိုသာ ပါးစပ်ထဲထိုးသွတ်နေလိုက်သည်။ ကျန်းယိုရှို့က ရုတ်ခြည်း သူ့ကိုမော့ကြည့်လာသည်။

နောက်နေ့မနက် ကျန်းယွမ်ပိုင်က သူ့ပစ္စည်းတွေထည့်ပြီး သွားခါနီးမှာ ကျန်းယိုရှို့က ရုတ်တရက် သူ့အား လှမ်းခေါ်လာသည်။
“ ကော ကျွန်တော့်ကိုစောင့်ပါအုံး”

သူမြန်မြန်သွက်သွက် မျက်နှာသစ်သွားတိုက်လိုက်ကာ သူ့ရဲ့စက်ဘီးကိုတွန်းရင်း ကျန်းယွမ်ပိုင်ကို စကားဆိုလိုက်သည်။
“ ကျွန်တော် ကောကိုကျောင်းလိုက်ပို့ပေးမယ်”

ကျန်းယိုရှို့က သူ့ကျောင်းကိုသွားဖို့ဆိုရင် ကျန်းယွမ်ပိုင်၏ကျောင်းကို ဖြတ်သွားရသည်။ သူက လူတွေ သူ့စက်ဘီးကို ဖျက်စီးမှာအား မကြောက်သည့်အတွက် ဘယ်သောအခါမှ ကျန်းယွမ်ပိုင်နဲ့အတူ ဘတ်စ်ကားပေါ်မှာ တိုးကြိတ်ရင်းမသွားလေဘူး။ နေ့တိုင်း သူဟာ အိပ်ရာပေါ်ကနေထဖို့အချိန်ဆွဲနေတတ်ပြီး ကျောင်းတက်ခါနီးမှအချိန်ကွက်တိ ကမန်းကတန်းသွားတာဖြစ်သည်။

ကျန်းယွမ်ပိုင်က ကျန်းယိုရှို့ရဲ့စက်ဘီးနောက်ကနေ လိုက်စီးခဲ့၏။

ကျန်းယိုရှို့က ကျန်းယွမ်ပိုင်အား ကျောင်းဆီ သယ်သွားပေးပြီးနောက် အနောက်လှည့်ကာ မေးလိုက်သည်။
“ ကော ဒီညနေခင်း ကိုယ်ပိုင်စာကြည့်ချိန် ရှိသေးလား”

“ သိပ်မသေချာသေးဘူး ဘာဖြစ်လို့လဲ”

“ ကော အဲ့အတန်းချိန်ကိုတက်မယ် မတက်ဘူးဆိုတာ ကျွန်တော့်ကို စာပို့ထားလိုက်နော်။ ကျွန်တော်အခုသွားတော့မယ်”

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now