//Chapter 22//

4.6K 885 28
                                    

Unicode

“မင်း ငါ့ကိုစာကြိုးစားတော့မယ့်လို့ ကတိပေးထားတယ်လေ” ကျန်းယွမ်ပိုင် ရှီပုဖန်ရဲ့လက်ကို အဝေးသို့ ရိုက်ထုတ်လိုက်ချင်ပေမဲ့ အချည်းနှီးပေ။ အဲ့အစား ရှီပုဖန်က ရယ်မောလာပြီး
“ကိုယ် မင်းရဲ့စကားကိုနားထောင်ပြီး အခုလဲ စာလုပ်နေတာပဲ မဟုတ်ဘူးလား”

“ မင်းငါ့ကို ရန်မဖြစ်တော့ဘူး၊ ဆေးလိပ်တွေ၊ အရက်တွေ မသောက်တော့ဘူးလို့လဲ ကတိပေးထားသေးတယ်လေ…” ကျန်းယွမ်ပိုင် သူ့ဆုံးဖြတ်ချက်ကို နောင်တရသွားပြီး
“ ငါ မင်းကို လုံးဝမယုံခဲ့သင့်ဘူး!”

ရှီပုဖန်က လူကောင်း မဟုတ်ဘူး!

ရှီပုဖန် ကျန်းယွမ်ပိုင်၏စိတ်ဖိစီးမှုကြောင့် ဖြူဖျော့နေတဲ့မျက်နှာလေးကို လှမ်းကြည့်လိုက်သည်။ သူ ရုတ်တရက် သူ့မျက်နှာကို ကျန်းယွမ်ပိုင်၏မျက်နှာလေးနဲ့ ရင်းရင်းနှီးနှီးပွတ်သပ်လိုက်တော့ ကျန်းယွမ်ပိုင်က ချက်ချင်းပင် ရှီပုဖန်၏မျက်နှာကို ဘေးဘက်သို့ တွန်းပစ်လိုက်သည်။ သူဒေါသထွက်ပြီး ကြောက်လန့်နေတဲ့အသံဖြင့်
“ ငါတို့ အခုကျောင်းတံခါးနားမှာနော် မင်းက ဘာလုပ်ချင်နေတာလဲ?!”

ရှီပုဖန်က ကျန်းယွမ်ပိုင်ကို စနောက်ပြီး သူ့အား ငိုလုနီးပါးအထိဖြစ်စေတာကို သဘောကျလေသည်။ သို့ပေတည်း သူ အမြဲတမ်း သူ၏စည်းဘောင်ကို ထိန်းသိမ်းထားကာ ကျန်းယွမ်ပိုင်ကို တကယ်ငိုအောင်လုပ်မိပါက ပျော်ဖို့ကောင်းမှာ မဟုတ်မှန်းကိုတော့ သူသိပေသည်။ သို့ဖြစ်ရာ သူ ကျန်းယွမ်ပိုင်ကို လွှတ်ပေးလိုက်ပြီး တကယ့်ကို စစ်မှန်တဲ့ပုံစံဖြင့် ပြောလိုက်၏
“ကိုယ်အရင်တုန်းက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ဘူး၊ ဒါပေမဲ့ နောင်ကျ ကိုယ်အာရုံစိုက်ပါ့မယ်”

ငါ့ဖင်ကြီးကိုပဲ အာရုံစိုက်နေလိုက်!

ကျန်းယွမ်ပိုင် သူ့မျက်နှာကို ဘန်းမုန့်တစ်ခုလို ရှုံ့မဲ့ပြလိုက်ပြီး တက်ကြွတဲ့အငွေ့အသက်တွေရှိနေသော အခန်းထဲသို့ လျှောက်ဝင်သွားလိုက်၏။ သို့ပေသိ သူ့စိတ်ကတော့ မနက်ခင်းပိုင်း စာလေ့လာတဲ့နေရာမှာ မရှိနေလေဘူး။ အဲ့အစား သူ့စိတ်ထဲမှာ ရှီပုဖန်က စည်းမျဉ်းတွေကို ချိုးဖောက်နေတဲ့မြင်ကွင်းတွေကိုပဲ ထပ်ခါတလဲလဲမြင်ယောင်နေမိသည်။ အနာဂတ်မှာ သူ  ရှီပုဖန်ရဲ့ဒီလိုလုပ်နေတာတွေကို ရပ်တန့်ပစ်ရမည် မဟုတ်ရင် သူတို့လမ်းမခွဲရသေးခင်မှာပဲ သူဖော်ထုတ်ခံရလိမ့်မည်။

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now