//Chapter 16//

4.7K 1K 55
                                    

Unicode

ကျန်းယွမ်ပိုင်က ဘယ်လောက်နှေးကွေးနေပါစေ အခုချိန်မှာတော့ ဘာတွေဖြစ်ပျက်နေမှန်းကို သူသိသွားလေပြီ။

ဝါဂွမ်းကို ကိုင်ထားတဲ့လက်က တုန်ယင်လာပြီး သူယုံကြည်ချက်ရှိရှိ ရှီပုဖန်ရဲ့အကြည့်ကို မမြင်ချင်ယောင်ဆောင်လိုက်သည်။ သူအလွန့်အလွန်ကိုရှော့ခ်ရသွားကာ ယင်းကြောင့် အံ့အားသင့်သွား၏။

အဲ့အချိန်မှာပဲ ဆရာဝန်က စားသောက်ရာကနေ ပြန်ရောက်လာပြီး ကျန်းယွမ်ပိုင်လည်း နောက်ဆုံးမှာတော့ ရှီပုဖန်ကို ဆရာဝန်ဆီလက်လွှဲကာ အပြင်ထွက်ဖို့ အကြောင်းပြချက်ရသွားတော့သည်။ အဲ့နောက်သူပြေးထွက်သွားသည်။

သူအတန်းထဲကိုပြန်လျှောက်လာရင်း သူ ရှီပုဖန်နဲ့အတူရှိချိန်တိုင်း ဖြစ်ပျက်သမျှကို အသေးစိတ်ပြန်တွေးကြည့်လိုက်သည်။ သူ တစ်စုံတစ်ရာကိုသတိပြုလိုက်မိပေမဲ့ ၎င်းက သူ့အား ကြောက်ရွံ့သွားစေသည်။

ရှီပုဖန်က အဲ့လိုမျိုးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ?!

သူက ဘာလို့အဲ့လိုမျိုးဖြစ်နေရတာလဲ?!

ဒီအရာက ဘယ်အချိန်တည်းက စတင်ခဲ့တာလဲ?

သူဘယ်ချိန်တည်းက…သူ့ကို အဲ့လိုမျိုးဆက်ဆံနေခဲ့တာလဲ?

ရှီပုဖန်က ခေါင်းမှာ ပတ်တီးကြီးစည်းပြီး အတန်းထဲကိုဝ င်လာတဲ့အခါမှာတော့ ချုံးကျင့်နဲ့ကျန်လူတွေက ချက်ချင်းမတ်တပ်ထရပ်ကာ သူ့ဆီလျှောက်သွားပြီး ပျာပျာသလဲလဲမေးလိုက်ကြသည်
“ ရှီကော ဘာဖြစ်တာလဲ? ”

“ ထပ်ပြီးတော့ ရှန်းစန်းကကောင်တွေပဲလား? ”

“ သောက်ပဲဟေ့! သူတို့ကမင်းတစ်ယောက်တည်းရှိနေတဲ့အချိန်မှာ ပြဿနာရှာရဲတယ်ပေါ့။ ဒီနေ့သူတို့ကိုအလစ်တိုက်ပြီး သင်ခန်းစာလေးဘာလေးပေးလိုက်ကြရအောင်!”

ကျန်းယွမ်ပိုင်က သူ့ခေါင်းကို အောက်ငိုက်စိုက်ချထားပြီး စာအုပ်ကိုပဲ တိတ်တဆိတ်ကြည့်နေလိုက်၏။ ရှီပုဖန်က သူတို့ကိုဒီမနက်ဖြစ်ပျက်ခဲ့တာအား ရှင်းပြလိုက်ပြီး ကျန်းယွမ်ပိုင်ရဲ့နောက်မှာ ထိုင်လိုက်သည်။

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now