//Chapter 11.1//

5.2K 1.1K 19
                                    

Unicode

ကျန်းယွမ်ပိုင် ချက်ချင်းဆိုသလို ခေါင်းခါယမ်းလိုက်သည်
“ ငါမလိုက်နိုင်ဘူး။ ငါ့မိဘတွေ ငါ့ကိုဆူလိမ့်မယ် ”

ဒီအကြောင်းကိုသိသွားမည့်အချိန် ကျန်းဖျင်ကျင့်၏အမူအရာနဲ့ အသံနေအသံထားကိုတောင် သူကြိုပုံဖော်ထားလို့ရနေပြီ : မင်းက အိမ်စာလုပ်ဖို့ အခြားသူရဲ့အိမ်ကို သွားချင်တယ်ပေါ့? အခုဘာလဲ? အိမ်မှာ မင်းဘာသာမင်း မင်းအိမ်စာကိုတောင် မလုပ်နိုင်တာ့ဘူးပေါ့?

ရှီပုဖန် ဝမ်းနည်းစွာဖြင့် ပြောလာသည်
“ ဒါဆို ငါမင်းအိမ်ကိုလာမယ်ဆိုရင်ရော ဘယ်လိုလဲ? ”

ပိုတောင် ဆိုးသေးတယ်!

သူ့မိဘတွေက သူနဲ့ရှီပုဖန်အတန်းအပြင်မှာ အတူတူမတ်တပ်ရပ်ခဲ့ကြတဲ့အကြောင်းအား သိထားကြမယ်ဆိုတာ သူအခုသိနေလေပြီ။ ကျိယန့်ဖျင် သူ့မိဘတွေအား တစ်ခုခုပြောထားတယ်လို့ သူသံသယရှိလေ၏ အဲ့အတွက်ကြောင့် သူ့မိဘတွေက အခုထိအဲ့အကြောင်းကို မဟကြသေးတာဖြစ်လိမ့်မည်။

ကျန်းယွမ်ပိုင်က သူ့ခေါင်းကို အပြင်းအထန်ခါယမ်းနေတာတွေ့တာ ရှီပုဖန်ပိုလို့တောင် စိတ်မကောင်းဖြစ်လာမိသည်။
“ မင်းကငါ့အိမ်ကို မလာနိုင်ဘူး ဒါပေမဲ့ ငါကလဲ မင်းအိမ်ကိုလာလို့မရဘူးဆိုတော့ ငါတို့ကျောင်းမှာပဲ တူတူနေကြရင်ရော ဘယ်လိုလဲ? ”

ကျန်းယွမ်ပိုင် သူ့ခါးပေါ်မှာရှိနေတဲ့ ရှီပုဖန်၏ လက်မောင်းကို စတင်ဆွဲဖယ်လိုက်သည်။ အခြားကောင်လေးတစ်ယောက်၏လက်မောင်းထဲမှာ ရှိနေတဲ့အတွက် ထူးဆန်းသလို သူခံစားရ၏။

ရှီပုဖန်ရဲ့တောက်တဲ့လို လိုက်ကပ်တဲ့စရိုက်ကိုလည်း သူထူးဆန်းသလို ခံစားရပေမဲ့ ဘယ်လိုမျိုးလဲဆိုတာ သူမရှင်းပြနိုင်ပေ။
“ဒါဆို မနက်ဖြန်ညနေခင်း စာကြည့်ချိန်ကို တူတူတက်ရအောင် ”

ရှီပုဖန်က အခုမှကျေနပ်သွားကာ ကျန်းယွမ်ပိုင်၏ဖြူဖွေးချောမွတ်သောမျက်နှာလေးအား ငေးစိုက်ကြည့်နေရင်း တစ်ဖက်လူကို ကိုက်ပစ်ချင်စိတ်တို့ဖြစ်ပေါ်လာရသည်။ အဲ့အချိန်မှာပဲ တံခါးကကျွီခနဲမြည်သွားပြီး ကျိယန့်ဖျင်က ရုံးခန်းအပြင်ဘက်ကိုထွက်လာ၏။

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now