//Chapter 9.1//

5.2K 1.2K 26
                                    

Unicode

ရှီပုဖန်ရဲ့အသံက မတိုးလွန်းမကျယ်လွန်းဘဲ စိတ်ဆန္ဒနှင့်အားမာန်တို့ အပြည့်ပင်။ ကျိယန့်ဖျင်သက်ပြင်းချလိုက်ကာ ငယ်ရွယ်ရတာက ကောင်းကြောင်းကို ထပ်မံတွေးမိသွားပြန်သည်။ အဲ့နောက် သူ့အား ကွင်းကိုဆယ်ပတ်,ပတ်ပြေးဖို့ သူမအမိန့်ပေးလိုက်သည်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရှီပုဖန်တွင် ငြင်းဆန်စရာမရှိပေ။

သို့ပေမဲ့ ရုတ်တရက် သူ့နောက်က အသံတစ်သံကြားလိုက်ရသည်။
“ သူ့ခေါင်းက ဒဏ်ရာရထားတာလေ...အဲ့တော့ ပြင်းထန်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်လို့မရဘူး”

ကျိယန့်ဖျင် လှည့်ကြည့်လိုက်တော့ ကျန်းယွမ်ပိုင်ရဲ့တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ အမူအရာကိုတွေ့လိုက်ရသည်။ သူက လောင်ရှီးတစ်ယောက်ကို တစ်ခါမှမဆန့်ကျင်ဖူးသလို ရှီပုဖန်နဲ့ပတ်သက်တဲ့ကိစ္စရှိလာတိုင်း အများအားဖြင့် သူတတ်နိုင်သမျှ ခေါင်းရှောင်နေလေ့ရှိသည်။ ဒီနေ့မှာတော့ သူတကယ်ကြီး ရှီပုဖန်အတွက် ပြောပေးလာတာက ကျိယန့်ဖျင်အား အံ့သြသွားစေလေ၏။

သို့ရာတွင် သူက အမှန်တရားကိုပြောနေခြင်းဖြစ်ပြီး ကျိယန့်ဖျင်ကလည်း ရှီပုဖန်ကို သင်ခန်းစာတစ်ခုပေးချင်ရုံမျှသာပင်။ သူမမှာ သူ့ကိုပြင်းပြင်းထန်ထန်အပြစ်ပေးဖို့ အစီအစဉ်မရှိလေတဲ့အတွက် သူမစကားဆိုလိုက်သည်
“ ဒါဆိုလဲ အတန်းရဲ့အပြင်မှာပဲ စာသင်ချိန်နှစ်ချိန်စာ ရပ်နေတော့”

“ အတန်းကစတော့မှာ၊ အတန်းကို မြန်မြန်သွားကြတော့လေ ”
သူမစကားဆုံးသွားတာနဲ့ ထွက်သွားခါနီးတွင် ကျန်းယွမ်ပိုင်က ရှီပုဖန်ဘေးကို ဂရုတစိုက်ဖြင့် တုံဆိုင်းစွာရွေ့သွားလေသည်
“ ကျွန်တော်လဲ... သူဝယ်လာတဲ့ စားစရာတွေကိုစားခဲ့တယ် ”

ရှီပုဖန်ရဲ့မျက်တောင်တွေ လှုပ်ခတ်သွားပြီး သူ့နှုတ်ခမ်းက ကော့မတက်ဘဲမနေနိုင်ခဲ့၊ သူ့ပျော်ရွှင်မှုအား မထိန်းထားနိုင်ချေ။

ကျိယန့်ဖျင်ရဲ့မျက်ခုံးတွေ လှုပ်သွားကာ
“ မင်းလဲ ပါတာလား? ”

သူက ရှီပုဖန်လို နံရံပေါ်ကျော်မတက်ခဲ့ပေမဲ့လည်း ရှီပုဖန်ဝယ်လာသမျှကို စားခဲ့တဲ့အတွက် သူလည်းတစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေတာပင်။

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now