//Chapter 13.2//

5.1K 1K 35
                                    

Unicode


ရှီပုဖန်က နောက်ဆုံးတော့ အိပ်ခန်းထဲကနေထွက်လာပြီး ရေချိုးခန်းတံခါးကို လက်ထောက်မှီကာ ကျန်းယွမ်ပိုင်အား မျက်စိတစ်ဝက်မှေးလျက် ကြည့်လိုက်သည်
“မှန်ဘေးက အံဆွဲထဲမှာ သွားတိုက်တံအသစ်ရှိတယ် ”

ကျန်းယွမ်ပိုင်က ပလုတ်ကျင်းဖို့ ပြင်နေပြီဖြစ်ကာ ယင်းကိုကြားတော့ သူ့အားကျေးဇူးတင်လိုက်၏။

သူသွားတိုက်နေချိန် ရှီပုဖန်ကလည်း တိုးဝှေ့၍ သူနဲ့ပူးပေါင်းလာလေသည်။ သူတို့ပြီးစီးသွားတဲ့အချိန်မှာတော့ ရှီပုဖန်က သွားပွတ်တံကိုပြန်ထားလိုက်ပြီး သူ့ဘက် လှည့်၍ ပြောလာသည်
“ မနေ့ညက မင်းလဲငါ့ကို အနည်းဆုံးဆယ်ကြိမ် ကန်ခဲ့တယ် ”

သူ သူ့ကိုဖက်ချင်တဲ့အချိန်တိုင်းမှာပေါ့

ကျန်းယွမ်ပိုင် သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့၍ ပြောလိုက်၏
“ မင်းမှာ သက်သေရှိလို့လား? မင်းကငါ့ကိုကန်တယ်လို့ ငါအရင်ပြောတာလေ”

“ သောက်ရေးမပါတာ”

“…” သူကျိန်ဆဲလိုက်တာနဲ့ ကျန်းယွမ်ပိုင်လည်း တိတ်ဆိတ်လို့သွားသည်။

ရှီပုဖန်က သူ့ပစ္စည်းတွေကိုထုတ်ပိုးလိုက်ပြီး အိပ်ခန်းဆီပြန်လျှောက်သွား၏။ ကျန်းယွမ်ပိုင်က ခေါင်းရင်းဘက်စားပွဲပေါ်မှ သူ့ဖုန်းကိုဆွဲယူလိုက်သည်။ ရုတ်တရက်ဆိုသလိုပင် သူ ဗီရိုတွေထဲကဝမ်းဆက်တွေရဲ့ဆွဲဆောင်မှုအား ခံလိုက်ရသည်။ အဲ့နေရာမှာ: ယုန်၊ပန်ဒါနဲ့ပီကာချူးပုံတွေတောင် ရှိလေသည်။ သူ ရှီပုဖန်ကို မယုံကြည်နိုင်စွာကြည့်လိုက်ပြီး
“ မင်းမှာ ညအိပ်ဝတ်စုံတွေဒီလောက်များတာကို မင်းဘာလို့ အဲ့ဒါတွေကို မဝတ်ရတာလဲ? ”

“ ငါအဲ့ဒါတွေကို မင်းအရပ်နဲ့တိုင်းပြီးဝယ်ထားတာ ” ရှီပုဖန်က ဖြစ်သင့်တဲ့ကိစ္စလိုမျိုးပြောလာခဲ့သည်
“ မင်းနောက်တစ်ခါဒီကိုလာတဲ့အချိန် အဲ့ဒါတွေကိုလဲ ဝတ်လို့ရတယ်လေ ”

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now