//Chapter 11.2//

4.9K 1.1K 19
                                    

Unicode

သူတို့နောက်မှာရှိတဲ့ရှီပုဖန်က သူတို့နောက်ဆုံးစကားပြောပြီးသည်ထိ မနှောင့်ယှက်ဘဲ တိတ်တိတ်လေး နားစွင့်လို့နေသည်။ သူလက်ဆန့်ထုတ်ကာ ကျန်းယွမ်ပိုင်ရဲ့အင်္ကျီကိုဆောင့်ဆွဲ၍ မေးလိုက်သည်
“ မင်းက ဘယ်သူနဲ့ သားလေးမွေးချင်နေတာလဲ? ”

ကျန်းယွမ်ပိုင်က တစ်ဖက်ကိုလှည့်လိုက်ပြီး ရှီပုဖန်ကို ဉာဏ်နည်းတဲ့ကောင်ဆိုတဲ့အကြည့်မျိုးနဲ့ ကြည့်လိုက်၏
“ အချိန်မှမကျသေးတာ ငါကဘယ်လိုသိမှာလဲ? ”

သူ့တုံ့ပြန်မှုနှင့်ပတ်သက်ပြီး ရှီပုဖန်က မကျေမနပ်ဖြစ်သွားသည်။ သူဆက်ပြောချင်နေပေမဲ့ လောင်ရှီးက အတန်းထဲသို့ ရုတ်ခြည်းဝင်ရောက်လာကာ ခေါင်းလောင်းသံလည်းမြည်လာလေသည်။ ကျန်းယွမ်ပိုင်က တစ်မဟုတ်ချင်းပင် သူ့လက်အားတွန်းဖယ်ကာ ပြောလိုက်၏
“ အတန်းကို အာရုံစိုက်ရအောင် ”

ရှီပုဖန်က အတော်လေးနာခံလာတာကြောင့် ကျန်းယွမ်ပိုင်က သူ့ကို“အမိန့်ပေး”တဲ့ အကျင့်ရလာခဲ့သည်။ သူ ရှီပုဖန်ကို ပြောပြီးတဲ့နောက်မှာတော့ သင်ပုန်းအားမျက်နှာမူလိုက်သည်။ သို့ရာတွင် ရှီပုဖန်က အလွန်အေးစက်တဲ့ပုံစံနဲ့ရှိနေပြီး မှတ်စုစာအုပ်အား သူ့ဘောပင်နဲ့ထိုးဆွရင်း လက်ရေးဆက်ဖြင့်ထင်းလင်းစွာ စကားလုံးအနည်းငယ်ချရေးလာခဲ့သည်
“ မင်းဘာကိုဆိုလိုတာလဲ? ”

စက္ကူလုံးလေးက ကျန်းယွမ်ပိုင်ရဲ့စားပွဲခုံပေါ် နားခိုလာလျက်။

ကျန်းယွမ်ပိုင်က အတန်းချိန်မှာဆိုရင် အများအားဖြင့် ပညာရေးအပြင် ဘာကိုမှဂရုစိုက်လေ့မရှိပေ။ သူ တိုက်ရိုက်ပဲ စက္ကူလုံးကိုကောက်ယူပြီး ယင်းကို သူ့ဘောပင်အိတ်ထဲထည့်လိုက်ကာ ရှီပုဖန်အားလျစ်လျူရှူလိုက်၏။

သူရှီပုဖန်ကို အတန်းချိန်တွင်းမှာ စာရွက်တိုတွေ ကမ်းမပေးဖို့နဲ့ အတန်းချိန်ပြီးမှ စကားပြောဖို့ကို အစောကတည်းက ပြောထားတာဖြစ်လေသည်။သို့ဖြစ်ရာ သူစိုးလည်းမစိုးရိမ်နေပေ။

သို့ပေတည်း ရှီပုဖန်အတွက်တော့ မတူညီနိုင်ပေ။ သူ့မှာမှတ်ဉာဏ်တွေမရှိလေတဲ့အတွက် ကျန်းယွမ်ပိုင်ပြောလိုက်တဲ့စကားတွေက သူ့အား အလွယ်တကူ Sensitive(ဆတ်ဆတ်ထိမခံ)ဖြစ်စေလေသည်။ အခုချိန်မှာ သူကတုံ့ဆိုင်းနေမိပြီး ဒီတစ်ချိန်လုံး ယင်းက တစ်ဖက်သတ်ဖြစ်နေခဲ့တာလားဆိုတာကို သိချင်နေမိသည်။ ကျန်းယွမ်ပိုင်က သူ့ကိုဆက်ပြီးလျစ်လျူရှူထားတာမို့ သူစိတ်ရှုပ်ထွေးကာစိုးရိမ်လာမိပြီး နောက်စာတိုလေးတစ်ခု ထပ်ကမ်းပေးလိုက်ပြန်၏
“ ငါတို့က တွဲနေကြတာမဟုတ်ဘူးလား? ”

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now