//Chapter 12.1//

4.9K 1.2K 14
                                    

Unicode

ရှီပုဖန်က လောင်ရှီးဘေးကနေ ပတ်လျှောက်သွားကာ အတန်းထဲကနေထွက်သွားလေပြီး သူ့ကြည့်ရတာ အတန်းထဲမှာ ထပ်နေမဲ့အစီအစဉ်မရှိတော့ပုံပင်။

ချုံးကျင့်နဲ့ ကျန်သူတွေက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ယဲ့လျန်က သာမန်ကာလျှံကာပင် ထရပ်လိုက်ပြီး ရှီပုဖန်နောက်ကလိုက်သွားချိန်မှာ ကျန်တဲ့နှစ်ယောက်ကတော့ စားပွဲပေါ်မှောက်ကာ ဆက်အိပ်နေလေသည်။

ကျန်းယွမ်ပိုင် တိတ်ဆိတ်စွာနဲ့ လောင်ရှီးကို ကြည့်ရန် လှည့်လိုက်သည်။ လျန်ရှိုးသယ်က ခေါင်းယမ်းကာ စက္ကူလုံးတွေကို ဆရာတွေဟောပြောတဲ့တစ်ယောက်စာစင်မြင့်ပေါ်တင်လိုက်ပြီး စာဆက်သင်လိုက်၏။

သင်ခန်းစာတွေကိုနားထောင်ရင်းနဲ့ ကျန်းယွမ်ပိုင်အတန်ငယ်စိတ်ရှုပ်လာမိသည်။ သူစက္ကူလုံးကို တစ်ချက်တောင်မကြည့်ခဲ့တဲ့အတွက် ရှီပုဖန် ဘာရေးထားမှန်း သူမသိလေဘူး။ သို့တစေ ရှီပုဖန်ရဲ့အပြုံးက ဆိုးသွမ်းပြီးလှောင်ပြောင်နေသလို ခံစားချက်မျိုး သူရနေလေသည်။

ကျန်းယွမ်ပိုင် ခေါင်းငုံ့ကာ စာလိုက်ရေးနေရင်း အနည်းငယ်ဝမ်းနည်းသလို ခံစားလိုက်ရသည်။ ဘာကြောင့် ရှီပုဖန်က ရုတ်တရက်ကြီးဒေါသထွက်သွားရတာလဲ? သူ့ကိုအတန်းချိန်မှာ မနှောင့်ယှက်ဖို့အကြောင်းကို သူတို့အရင်ထဲကပြောပြီးသားလေ။ ထပ်ပြောရရင် သူက ကျန်းယွမ်ပိုင်ရဲ့ထိုင်ခုံဖော်ဖြစ်လာအောင် ဒုတိယနေရာကိုအရယူမယ်လို့တောင် ပြောခဲ့သေးတယ်လေ။

သူ ဘာလို့ သူ့စကားတွေကို ပြန်ရုပ်သိမ်းသွားရတာလဲ?

သို့ပေတည်း ဘာတွေပဲဖြစ်ဖြစ် သူအတန်းမှာ အာရုံစိုက်ဖို့လိုသေးလေသည်။ သို့ဖြစ်ရာ မိနစ်အနည်းငယ်လောက်ကြာပြီးတဲ့နောက် ကျန်းယွမ်ပိုင် ထိုခံစားချက်တွေအား သူ့စိတ်အနောက်ဘက်ထဲသို့ ပစ်ထားလိုက်တော့၏။

အတန်းပြီးခါနီးမှာ ရှီပုဖန်က ပြန်ရောက်လာသည်။ သူတံခါးဆီ ဖြောင့်ဖြောင့်တန်းတန်းလျှောက်လာပြီး လောင်ရှီးကိုပြုံးပြကာ ပြောလိုက်သည်
“အတန်းပြီးဖို့ သုံးမိနစ်လောက်ပဲ လိုတော့တာဆိုတော့ ကျွန်တော့်ရဲ့စက္ကူလုံးတွေကို ပြန်ပေးလို့ရနိုင်မလား? ”

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now