//Chapter 14//

5.4K 1K 31
                                    

Unicode

ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ရှီပုဖန်က ထူးထူးဆန်းဆန်း ပြုမူနေခဲ့တာကြောင့်သာမဟုတ်လျှင် ကျန်းယွမ်ပိုင်ကလည်း သူ့နောက်ကွယ်မှာ အတင်းပြောချင်စိတ်ရှိမှာမဟုတ်ပေ။ တစ်ဖက်လူက သူ့နောက်မှာရပ်နေတာကိုသာ သူသိခဲ့မယ်ဆိုရင် အကြင်သူ့အကြောင်းပြောဖို့ သူ့မှာ ဘယ်တုန်းကမှ သတ္တိရှိလာလိမ့်မည်မဟုတ်ပေ။

သူ့နောက်ကွယ်မှာအတင်းပြောနေတာကို ဒီလောက်မြန်မြန်လူမိသွားလိမ့်မယ် မထင်ထားမိဘူး။

"ပါးပါးကောင်းလေးရေ ” ကျန်းယွမ်ပိုင်က တောင့်တင်းစွာ အနောက်ကို လှည့်လိုက်ရင်း လက်တစ်ဖက်မှာ ပြောင်းဆန်ပြုတ်ကိုင်ထားကာ အခြားတစ်ဖက်မှာ နှမ်းကပ်မုန့်ကိုကိုင်ထားလျက်နှင့်ပင်။ သူမလုံမလဲဖြစ်ကာ ကြောက်ရွံ့နေမိ၏။

ရှီပုဖန်က သူ့ဆီ ပိုနီးကပ်အောင် လျှောက်လာပေမဲ့ ကျန်းယွမ်ပိုင်က အလိုအလျောက် နောက်ကိုတစ်လှမ်းဆုတ်မိသွားသည်။ ရှီပုဖန်က သူ့ကျောပိုးအိတ်ကို တစ်ဖက်လူလက်မောင်းထဲထိုးထည့်လိုက်ကာ
" ငါ့ကျောပိုးအိတ်ကိုသယ်သွားပေးအုံး"

ကျန်းယွမ်ပိုင် မြန်မြန်ဆန်ဆန်ပဲ ကျောပိုးအိတ်ကို သူ့လက်မောင်းတွေနဲ့ ရစ်ပတ်လိုက်ပြီး တစ်ဖက်လူကို တလက်လက်တောက်ပနက်မှောင်နေတဲ့ မျက်လုံးလေးတွေနှင့် ကြည့်လိုက်သည်။ ရှီပုဖန်က သူ့နှုတ်ခမ်းတွေကို ကွေးညွတ်လိုက်ပြီး ခေါင်းငုံ့လျက်ပြောလာချေသည်
" ငါတို့ကိစ္စကို ငါနောက်မှ စာရင်းရှင်းမယ် "

ကျန်းယွမ်ပိုင် ချက်ချင်းပင် အနောက်ကိုကျုံ့သွားမိသည်။

စုန့်မော့ တံတွေးကို ခက်ခက်ခဲခဲမျိုချကာ သူ့နောက်လိုက်၍ အတန်းဆီပြေးဝင်သွားလိုက်သည်။ သူတီးတိုးဆိုလိုက်၏
" သူက ဘာကိုဆိုလိုချင်တာလဲ? သူမင်းကိုရိုက်တော့မှာများလား? "

ကျန်းယွမ်ပိုင်၏မျက်နှာက ဖြူဖျော့သွားပေမဲ့ ဘာမှတော့မပြောလိုက်ပေ။

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now