//Chapter 5//

8K 1.4K 91
                                    

Unicode

တကယ်လို့ ရှီပုဖန်ကသာ ဟိုသုံးကောင်ကို သူတို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေဆိုတာကိုမပြောရင် သူတို့ကသူ့မကောင်းကြောင်းတွေကို ရှီပုဖန်အား ကျိန်းသေပေါက်ပြောလိမ့်မယ်ဆိုတာ ကျန်းယွမ်ပိုင်အလွန်ကောင်းမွန်စွာသိပေသည်။ အဲ့အချိန်မှာ ရှီပုဖန်က သူ့ဘက်ကရပ်တည်ပြီးသောင်းကျန်းလိုက်မယ်ဆိုရင် သူအရိုက်ခံရမှာကို စိုးရိမ်နေစရာမလိုတော့ဘူး။

အခု သူမျှော်လင့်တာကတော့ ဒီအကြောင်းအရာကို ဘယ်သူကမှ မရှာတွေ့ဖို့ပဲ။ ဒီပုံစံအတိုင်းဆို ရှီပုဖန်သာ သူ့မှတ်ဉာဏ်ကိုပြန်မရသေးသရွေ့ သူအလိမ်ခံနေရတယ်ဆိုတာကို ရှီပုဖန်သတိထားမိမှာ မဟုတ်ပေ။

ဒါပေမဲ့ ရှီပုဖန်က တကယ်ပဲ ဒါကို လျို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းထားပါ့မလား ?

ကျန်းယွမ်ပိုင်လည်း မသေချာပေ။

ရှီပုဖန်က ဖြေးညင်းစွာမပြောလာခင် သူ့အားခဏလောက်စိုက်ကြည့်နေလိုက်ပြီး
" ငါသိပြီ "

သူ ရုတ်ခြည်းပင်ပြန်လှဲချလိုက်ပြီး သူ၏သက်သောင့်သက်သာပုံစံက ကျန်းယွမ်ပိုင်ကို ဂနာမငြိမ်ဖြစ်လာစေ၏
" မင်းသူတို့ကို လာကြိုခိုင်းမှာ မဟုတ်ဘူးလား? "

" ဒါပေမဲ့ မင်းက ငါ့ကို သူတို့ဆီ တည်နေရာမပို့ခိုင်းဘူးလေ။ ငါအခုချိန်မှာ လှုပ်ရှားရမှာ အရမ်းပျင်းနေတယ်"

ရှီပုဖန်က သူ့မျက်ခုံးတို့အား စုကျုံ့၍ပြောလိုက်သည်။
" ငါ့ခေါင်း နာတယ် "

ကျန်းယွမ်ပိုင် နံရံပေါ်ရှိနာရီကို အကြိမ်အနည်းငယ်လောက် လှမ်းလှမ်းကြည့်နေမိသည်။ ရှီပုဖန်က မှောက်လျက်လဲလျောင်းလိုက်ပြီး ကျန်းယွမ်ပိုင်အား ကြည့်နေလိုက်၏။ အတွေးတစ်ခုက သူ့စိတ်ထဲတွင် ပေါ်လာပြီး ရည်ရွယ်ချက်ရှိရှိအမေးဆိုလိုက်သည်
"မင်းဘာလို့ အရမ်းစိုးရိမ်နေရတာလဲ?"

" ငါ..ဘာ..ဘာမှမဟုတ်ပါဘူး"
ကျန်းယွမ်ပိုင် ပြန်ထိုင်ချကာ မေးလိုက်လေသည်
" မင်းဒီနေရာမှာ ဘယ်လောက်ကြာကြာ လှဲနေဖို့ စီစဉ်ထားလဲ? "

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now