အခန်း(၆)မျက်နှာဖုံး

655 84 7
                                    

ကျုံးမင်ရန် သည် ရွှမ်ကျီးသည်လည်း စာချချောင်းကိုဆွဲမိကြောင်းကို ကြားလိုက်ရသည့်အခါသူ့ မျက်နှာမှာ ပို၍ဖြူဖျော့လာခဲ့ပြီး  တိတ်တဆိတ်  သူ့ဆရာကို လှမ်းကြည့်လိုက်၏။ သူ့မျက်နှာအမူအရာက မပြောင်းလဲသော်ငြား မျက်ဝန်းထဲတွင် မူ
မုန်တိုင်းထန်နေပြီဖြစ်သည်။

လူတိုင်းက ဤတစ်ကြိမ် ပန်းခူးယူခြင်းတာဝန်တွင်  သုံးဦးသာ စွမ်းအားမြင့်ကျင့်ကြံသူများဖြစ်ကြသည်ကိုတွေ့လိုက်ကြရသည်။ ကျန်နှစ်ဦးမှာ ယခုအထိ ကလေးသာဖြစ်နေဆဲ ဖြစ်ရာ ထည့်တွက်၍မရနိုင်ပေ။ ထို့အပြင် ငါးဦးရှိသည့်အထဲတွင် လေးဦးမှာ ရှောင်းယန်ဂိုဏ်းမှ ဖြစ်ပေသည်။ ဤပန်းခူးယူခြင်းတာဝန်မှာ ယခင်ကပြောခဲ့သလို ရှောင်းယန်ဂိုဏ်း၏ အစွမ်းပြပွဲဟုပင် ပြော၍ရလောက်သည်။

ပြောရလျှင် ရွှမ်ကျီး၏ နာမည်ထွက်ပေါ်လာခြင်းမှာ အခြားသူများအတွက် ပြသနာမရှိသော်လည်း
အပြင်းထန်ဆုံးတုန့်ပြန့်သူမှာ ေဟာ်တန်းဖင်ပင် ဖြစ်သည်။သူမက ပထမဆုံး ထိတ်လန့်သွားကာ ဒုတိယအနေဖြင့် အံ့သြသင့်သွားပြီး တတိယအနေဖြင့် ဒေါသထွက်လာသည်။ ထိတ်လန့်ရခြင်းမှာ အမှန်တကယ်ပင် ကလေးနှစ်ယောက်ကို မဲကျသွားခြင်းကြောင့်ဖြစ်သည်။အံ့သြ သွားရခြင်းမှာ ရွှမ်ကျီး၏ နာမည်က မည်သို့များ ဤ ဝါးခြင်းတောင်းအတွင်းမှ ထွက်ပေါ်လာရပါသနည်း။ ေဒါသထွက်ရခြင်းမှာကား အကယ်၍သာ စုန့်သူတော်စင်၏ ရန်စခြင်းဖြစ်ခဲ့လျှင် ပြသနာအရင်းအမြစ်ကို ဆက်လက်ရှာဖွေရန်မဖြစ်နိုင်တော့သောကြောင့်ဖြစ်သည်။

ထို အားနည်းပြီး ဘာကိုမှမသိတဲ့ ရွှမ်ကျီးဟာ အမှန်တကယ်ပဲ ပန်းခူးခြင်းတာဝန်မှာ ပါဝင်ရမည်ကိုတွေးမိသည့်အခါ မိခင်တစ်ဦးအနေဖြင့် သူမနှလုံးသားထဲမှ နာကျင်လာရသည်။ ရွှမ်ကျီးမှာ မြင်းထိုင်ကိုပင် မတတ်ကျွမ်းသေးပါ။ ယခု သွားခိုင်းခြင်းမှာ ရှင်းလင်းစွာ ပင် သွားသေခိုင်းခြင်းသာ ဖြစ်သည်။ အမှန်တကယ်ပဲ မည်သူကများ ထိုအထဲတွင် ရွှမ်ကျီး၏အမည်ကို ထည့်ခဲ့ပါသနည်း။

ချူရင်းဟုန်က သူမအမူအရာမကောင်းသည်ကို တွေ့လိုက်ရသည့်အခါ အလျင်အမြန် ရှေ့ထွက်ကာ ဖေးမလိုက်ရင်း တိုးတိုးလေး  ပြောလိုက်သည်။

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now