အပိုင်း(၂၃)ကျင်းဟွားညီလာခံ( ၄)

367 63 8
                                    


  အပြာရောင်ဝတ်ရုံနှင့် အမျိုးသား ဘာမှပြန်မပြောရသေးခင်သူ့နောက်မှအခြား အပြာရောင် ၀တ်ထားသည့် ပိန်ပိန်ပါးပါးနှင့်လူက ရုတ်တရက်ရှေ့ကိုခြေလှမ်းနှစ်လှမ်းလှမ်း လိုက်ကာ ယွီစီးဖုန့်၏ နှာထိပ်ဖျားကိုညွှန်ပြပြီး ခက်ထန်စွာပြောလာလေသည်။
"မင်းမျက်နှာဖုံးဘယ်မှာလဲ!"

ယွီစီးဖုန့်မှာ သူ၏ထိုသို့ ထိတ်လန့်ဖွယ်ဆူပူမှုကြောင့် စိတ်ထဲတွင် ပို၍တုန်လှုပ်သွားပြီး နှုတ်ခမ်းဝတွင်ရောက်နေသည့် စကားများပင်ပြောမထွက်လာနိုင်တော့ချေ။

ထိုလူက အေးစက်စွာပြောလာ၏။ "ယွီစီးဖုန့် ဒါက လီကျယ်နန်းတော်ရဲ့ အကြီးမားဆုံးတားမြစ်ချက်ဆိုတာ မင်းမသိဘူးလား။ ငါမေးပါရစေ။ လီကျယ်နန်းတော်ရဲ့ ပညတ်တော်ဆယ့်သုံးပါးကို မင်းလုံးဝ ဂရုမစိုက်တာလား?"

ယွီစီးဖုန့်သည် မြေကြီးပေါ်လဲကျသွားပြီး တုန်လှုပ်ခြောက်ခြားစွာပြောလိုက်၏။" ဒီတပည့်က အမှားကိုသိပါပြီ!အပြစ်ပေးခံဖို့ ဆန္ဒရှိပါတယ်"

ထိုလူက ကိန်းကြီးခန်းကြီးမလုပ်တော့ဘဲ ပြောလိုက်၏။ "ထားလိုက်ပါတော့ ။လီကျယ်နန်းတော်ကို ပြန်ရောက်တဲ့အခါမှ နန်းတော်သခင်ဆုံးဖြတ်ပါစေ!"
 
သူစကားမဆုံးခင်မှာပင် အပြာရောင်ဝတ်ရုံနှင့်အမျိုးသားက ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ စီးဖုန့်၊ ငါမေးမယ်၊ မျက်နှာဖုံးကဘယ်လိုကျွတ်သွားတာလဲ "

ယွီစီးဖုန့်သည် စိတ်ထဲတွင် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ ချက်ချင်းပင် အသံတိုးတိုးနှင့် ပြန်ဖြေလာလေသည်။" တပည့်......ဒုတိယနန်းတော်သခင်၊ရဲ့အမိန့်ကို၊နာခံပြီး၊ချူဂိုဏ်းချုပ်တို့၊ငါးဦးနဲ့၊မိစ္ဆာသွားဖမ်းတာ။မိစ္ဆာနဲ့၊တိုက်ချိန်မှာ၊သတိလက်လွတ်နဲ့၊မျက်နှာဖုံးကိုဖျက်ဆီးစေမိလိုက်တယ်။ တပည့်၊ သင်ယူနိုင်စွမ်းညံ့ဖျင်းလို့၊ ရှစ်ဇွမ်း၊အပြစ်ပေးပါ!"

အပြာရောင်ဝတ်ရုံနှင့်အမျိုးသားက "အော်"ဟု ရေရွတ်လိုက်ကာ ရုတ်တရက်ခေါင်းမော့ကြည့်လိုက်လျှင် လူတိုင်းသည် ထိုသူ၏မျက်နှာပေါ်တွင် မျက်နှာဖုံးဝတ်ထားသော်လည်း လျှပ်စီးကဲ့သို့အကြည့်များနှင့် လူအယောက်တိုင်း၏မျက်နှာပေါ်တွင် လွှမ်းမိုးကြည့်သွားသည်မှာ ခြိမ်းခြောက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now