အပိုင်း (၃၀) ကျင်းဟွားညီလာခံ ( ၁၁)

306 54 6
                                    


  ရွှမ်ကျီး သည်ထိုညကိုမည်သို့ကုန်ဆုံးခဲ့သည်ကိုမမှတ်မိတော့။ သူမက ထိတ်လန့်မှုနှင့်စိတ်ရှုပ်ထွေးမှုအခြေအနေတွင်ရှိနေပြီးသူမ အကြည့်မှားသည်ဟု အနည်းငယ်သံသယရှိနေဆဲပင်။

သူမ မယုံကြည်ဝံ့ပါ။ တုန်းဖန်းကျွန်းသခင်သည် အကယ်၍သာ မိမိ၏ဇနီးဖြစ်သူကအခြားတစ်ယောက်နှင့်တိတ်တိတ်ပုန်းအချစ်ရေးရှိနေပြီး ဖောက်ပြန်နေသူမှာလည်း မိမိ၏ဘဏ္ဍာစိုးဖြစ်နေမှန်း သိသွားခဲ့လျှင် မည်သို့သောအမူအရာမျိုးဖြစ်သွားလိမ့်မည်နည်း။အားလုံးအတူမိစ္ဆာသွားဖမ်းကြသည့်လမ်းတစ်လျောက်၌ သူသည် ကြင်နာပြီးဖော်ရွှေတတ်သောလူကောင်းတစ်ယောက်​ဖြစ်
မှန်း ရွှမ်ကျီးသိပါသည်။အကယ်၍ သူသာ ဤအကြောင်းကိုသိသွားလျှင် သေချာပေါက် အရမ်းကို နာကျင်ရလိမ့်မည်။
  
ရွှမ်ကျီး စိတ်ထဲ၌အရာအများကြီးတွေးမိနေသည်မှာ ကြုံတောင့်ကြုံခဲမို့ ဖြစ်လိမ့်မည်။စားရသည်မှာပင် အရသာမရှိတော့သလိုပင်။လင်းလုံသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ ထမင်းစားတူနှင့် သူမနဖူးအား ခေါက်လိုက်ကာ မျက်မှောင်ကြုတ်လျက်ပြောလိုက်၏။"
နင်ငတုံးလား?ဘာစဉ်းစားနေတာလဲ!ထမင်းလည်းမစားဘဲ ပန်းကန်ကြီးကိုက်ပြီးဘာလုပ်နေတာလဲ?"

ရွှမ်ကျီးသည် ကြောင်အသွားပြီး သူမမသိလိုက်ဘဲ ပန်းကန်ကိုကိုင်ထားပြီး စားလည်းမစားဘဲ ကိုက်နေမိသည်ကို သတိပြုမိသွားတော့သည်။

သူမသည် အလျင်အမြန် တစ်ဟားဟားရယ်လိုက်ပြီး တူဖြင့် ဟင်းတစ်ဖက်ကိုညှပ်ကာ ပါးစပ်ထဲထည့်လိုက်ပြီးမှ ပြောလိုက်၏။

"ငါ....ငါအရမ်းဗိုက်ဆာနေလို့......"

လင်းလုံသည် သူမအားစိုက်ကြည့်လိုက်ကာ"နင်အရမ်းမူမမှန်နေဘူးနော်။နေ့လည်တုန်းက တကယ်ပဲစီးဖုန့်နဲ့ဘာတွေလုပ်ခဲ့ကြတာလဲ?" ပြောပြီးနောက် သူမက အလွန်အမင်း မသင်္ကါသည့်အကြည့်ဖြင့် စီးဖုန့်အားကြည့်လိုက်လျှင် သူက အပြစ်ကင်းသည့်အကြည့်လေးနှင့် ထမင်းဖြူကိုပါးစပ်ထဲသို့ ထိုးထည့်နေလေသည်။

"ငါ........ငါစိတ်ပူနေတာ ဝူးထုံကငါတို့ဆင်ထားတဲ့ထောင်ချောက်ဆိုတာရှာတွေ့သွားမှာကိုလေ" ရွှမ်ကျီးက နောက်ဆုံး၌အကြောင်းပြချက်ကောင်းတစ်ခုကိုရှာတွေ့သွားသည်။

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now