အပိုင်း(၁၇)ပုလဲ ဖြစ်စဥ်(၃)

374 65 4
                                    


  လုထိုင်တောင်ခြေတွင် ကြီးမားသည့် ရေကန်ကြီးတစ်ခုရှိပြီး ဂူတျောင်းက လူတွေကိုထိုနေရာသို့ ဆွဲခေါ်လာပြီး ဖွက်ထားတတ်သည်ဆိုသည့် ကောလဟာလများကြောင့် ယနေ့အချိန်ထိ မည်သူမှ မလာဝံ့ကြတော့ချေ။

ရွှမ်ကျီးတို့နှစ်ဦးသည် ရေသူထီးအား ကန်ဘေးသို့ ခေါ်သွားပြီး ကျောက်တုံးပေါ်တွင် ညင်ညင်သာသာ ချထားပေးလိုက်ကြသည်။ကျုံးမင်ရန်မှာ အသက်ရှုဖို့မေ့သွားသည်အထိ တစ်လမ်းလုံး အလျင်အမြန် ပြေးလာခဲ့ရသဖြင့် စကားပင်မပြောနိုင်တော့လောက်အောင် မောပန်းနေသောကြောင့် မြေကြီးပေါ်ထိုင်ချပြီး အသက်ရှုဖို့သာတတ်နိုင်တော့ပြီး ပြတ်တောင်းပြတ်တောင်းဖြင့် ပြောလာ၏။"ရွှမ်ကျီး....နင်..သူ့ကိုအရင်ဆုံး..ဂရုစိုက်လိုက်အုံး...."

ရွှမ်ကျီးက ထိုရေသူထီးဘေးတွင် ထိုင်လိုက်ပြီး သူ့တစ်ကိုယ်လုံးတွင် ကောင်းသည့်နေရာတစ်နေရာမှရှိမနေဘဲ ဒဏ်ရာတွေချည်းပြည့်နေသည်ကို ​မြင်လျှင် သက်ပြင်းမချဘဲမနေနိုင်တော့ဘဲ ပြောလိုက်၏။"နင်....နာနေလား။ငါ့မှာ ဆေးနည်းနည်းရှိတယ်။နင့်ကိုပေးလို့ရတယ် "

ရေသူထီးသည်ကား  သူမပြောသည့်စကားများကိုနားမလည်သကဲ့သို့ သူမအားတိတ်တဆိတ်ကြည့်နေခဲ့ပြီး မျက်တောင်ပင်မခတ်။

ရွှမ်ကျီးက ကျုံးမင်ရန်၏ အင်္ကျီလက်ကို ဆွဲလိုက်ပြီး" ဘယ်လိုလုပ်မလဲ။သူ့ကြည့်ရတာ ငါ့ရဲ့စကားကိုနားမလည်သလိုပဲ"

"နင်.....သူ..နားလည်သလားမလည်လားဆိုတာကို ဂရုစိုက်မနေနဲ့!!ဆေး...ဆေးထည့်ပေးပြီး လွှတ်ပေးလိုက်တော့!!" ကျုံးမင်ရန် သည် နောက်ဆုံးတော့ မြေကြီးပေါ်လဲကျသွားကာ စကားတစ်လုံးမှ မပြောချင်တော့ပေ။

ရွှမ်ကျီးက ခါးအထက်မှ သားရေအိတ်အတွင်းမှ ရှောင်းယန်ဂိုဏ်း၏ ပြိုင်ဘက်ကင်း ရွှေရောင်ကုသဆေးကို ထုတ်လိုက်ပြီး သွေးများရေများဖြင့် ဖုံးလွှမ်းနေသည့် သူ့ကိုယ်မှ ဒဏ်ရာများကို အချိန်အတော်ကြာစိုက်ကြည့်နေခဲ့သည်။ဒဏ်ရာများမှာ ညစ်ပေနေပြီး တစ်ချို့နေရာများမှာ အသားနှင့်အရိုးကိုပင် မြင်ရသည်အထိ ပွင့်ဟနေကာ ဖြူဆုတ်နေလေသည်။

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now