အပိုင်း( ၂၉ )ကျင်းဟွားညီလာခံ ( ၁၀)

322 51 2
                                    

မျှော်လင့်ထားသည့်အတိုင်းပင် ထိုဝူးထုံသည် အသိပေးချက်ကို ဖွင့်လိုက်ကာ ယွီစီးဖုန့် ဆွဲပေးလိုက်သည့် ရှောင်ယင်းဟွား၏ပန်းချီကို အင်္ကျီအိတ်ကပ်ထဲတွင် ထည့်လိုက်ပြီး အင်္ကျီလက်ထဲ၌ ရှောင်ယင်းဟွား နှစ်သက်သည့် ဆန်မုန့်များအပြည့်နှင့် ယုံကြည်မှုအပြည့်နှင့်ထွက်ခွာသွားလေသည်။

ယွီစီးဖုန့်နှင့် ကျုံးမင်ရန်သည် သူအဝေးသို့ရောက်သွားသည်ကို မြင်သည်နှင့် ချက်ချင်းပင် တံခါးကိုပိတ်လိုက်ပြီး တိတ်တိတ်လေး ဖြတ်လမ်းရှာ၍တောင်အနောက်ဘက်သို့ သွားလိုက်ကြသည်။

လင်းလုံနှင့်ရွှမ်ကျီးတို့ နှစ်ဦးသားမှာ အစောကြီးကတည်းက ချုံပုတ်ထဲတွင် ပုန်းအောင်း၍ ပွဲကြီးပွဲကောင်းကို ကြည့်ဖို့ရာ စောင့်ဆိုင်းနေကြသည်ဖြစ်ရာ သူတို့လာသည်ကိုမြင်လျှင် အလျင်စလို လက်ယက်ခေါ်လိုက်ပြီး အသံမထွက်ဖို့ရာ အချက်ပြလိုက်၏။

လေးဦးသားအတူတကွ ချုံပုတ်ထဲတွင် စုရုံးလိုက်ကြပြီးနောက် ထောင်ချောက်အား စိုက်ကြည့်နေသည့် မျက်ဝန်းများသာ ကျန်ရစ်ခဲ့တော့သည်။

ခဏအကြာတွင် အရှေ့မှ ငွေရောင်အလင်းတန်းလေးတစ်ခုကို ရုတ်တရက် မြင်လိုက်ရကာ ရှောင်ယင်းဟွား သည် လျှပ်စီးကဲ့သို့ ရွေ့လျားသွားပြီး မြက်ခင်းပေါ်မှဖြတ်ပြေးသွားကာ ထောင်ချောက်ရှိနေသည့် အနီးတစ်ဝိုက်တွင် လှည့်ပတ်နေလေသည်။

ခဏအကြာ၌ ဝူးထုံသည် ဖြေးဖြေးချင်း ရှာဖွေနေရင်းလျှောက်လာခဲ့ကာ မြေပြင်ပေါ် ဖြတ်ပြေးသွားသည့် ရှောင်ယင်းဟွားအား တွေ့လျှင် အလွန်ဝမ်းသာသွားပြီး အလျင်စလိုပင်  အိတ်ကပ်အတွင်းမှ ပန်းချီအား ထုတ်ကာ အချိန်အတော်ကြာ ယှဉ်ကြည့်နေပြီးမှ အတည်ပြုလိုက်ပြီး ကိုယ့်ကိုနိမ့်လိုက်ကာ ဖြေးဖြေးချင်း အင်္ကျီလက်အတွင်းမှ ဆန်မုန့်များကို ထုတ်လိုက်ပြီး နှစ်ခုကို ပစ်ချလိုက်လေ၏။

ရှောင်ယင်းဟွား သည် အနှစ်သက်ဆုံး ဆန်မုန့်၏အနံ့ကိုရသည်နှင့် ချက်ချင်းပင် ခေါင်းတစ်လှုပ်လှုပ်နှင့် ရွေ့လျားလာခဲ့ပြီး နှစ်ခုလုံးအား မဆိုင်းမတွမြိုချလိုက်သည်။ဝူးထုံသည် အလွန်ဝမ်းမြောက်သွားကာ ထပ်မံ၍ နောက်ထပ်နှစ်ခုကို ပစ်ချလိုက်သည်။သို့သော်
ဤတစ်ကြိမ်တွင်တော့ အနည်းငယ်ပိုနီးကပ်သွားလေပြီ။

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now