အပိုင်း(၁၃) မိုက်မဲသော လှုပ်ရှားမှု

399 70 15
                                    


   ကျုံးမင်ရန်က သူ၏အန္တရာယ်များသည့် အခြေအနေကိုမြင်သည့်အခါ အပြေးအလွှား  ခါးပတ်ကိုဆွဲထုတ်ကာပစ်လိုက်ပြီး သူ၏ ခါးတွင် တင်းတင်းကြပ်ကြပ်ရစ်ပတ်လိုက်ကာ ဆွဲယူလိုက်၏။ သို့ရာတွင် သူက ခွန်အားကို ထိန်းချုပ်ဖို့မေ့သွားကာ ယွီစီးဖုန့်က သူ့ကို ထိမှန်သွားသည့်အခါမှသာ ခွန်အားအနည်းငယ်သာ သုံးဖို့လိုသည်ကို သတိရတော့သည်။

နောက်ကျသွားပေပြီ။သူတို့နှစ်ဦးစလုံးမှာ တစ်နေရာထဲကို ပြုတ်ကျသွားကာ နာကျင်စွာအော်လိုက်ကြ၏။ကံကောင်းထောက်မစွာဖြင့် လမ်းခွဲလေးအတွင်းသို့ ကျသွားခဲ့သည်။ဤနေရာက ကျဉ်းမြောင်းသောကြောင့် ဂူတျောင်းမှာ အနီးအထိ မပျံလာနိုင်တော့ဘဲ လမ်းအပြင်၌သာ တစ်ဝုန်းဝုန်းသောင်းကျန်းနေသဖြင့် ဂူမှာပြိုကျတော့မတတ်ပင်။

ကျုံးမင်ရန်မှာ ကပ်ဘေးကြီးမှ လွတ်မြောက်လာသော်လည်း စိတ်ဒဏ်ရာကြောင့် ထိတ်လန့်နေဆဲဖြစ်ရာ တုန်လှုပ်စွာပြောလိုက်၏။ " မထင်ထားဘူး......ဒီလောက်ထိအစွမ်းထက်တယ်လား!!!"

သူ့ဘေးတွင်ရှိနေသော ယွီစီးဖုန့်က "ဟွန့်"ခနဲ အသံပြုလိုက်ပြီးမှ နာကျင်စွာသက်ပြင်းချလိုက်၏။ ခုနကပြုတ်ကျသည့် အင်အားမှာအလွန်ပြင်းလွန်း​သောကြောင့်သူ့ကြွက်သားနဲ့အရိုးတွေကိုနာကျင်စေခဲ့ပေသည်။သူကအေးစက်စွာပြောလိုက်၏။

" သူက၊ အထွတ်အထိပ်အဆင့်ရောက်ခါနီးဖြစ်နေပြီ!!မင်းဆရာ၊ တောင်မှ၊ မယှဥ်နိုင်ဘူး။မင်းလောက်ကတော့၊ ပြောမနေနဲ့တော့!!"

ကျုံးမင်ရန် ၏မျက်နှာမှာ နီရဲလာခဲ့ပြီး သူက ရှက်ရွံ့သဖြင့် မည်သည့်စကားမှ ဆက်မပြောတော့ပေ။

ယွီစီးဖုန့်က ခက်ခက်ခဲခဲ ထထိုင်လိုက်ကာ အရှေ့မှရွှမ်ကျီးကို လှမ်းကြည့်ပြီး တိုးတိုးလေး ပြောလိုက်၏။ "ဒီလောက်ဆူနေတာ၊ သူအခုထိ၊မနိုးသေးဘူးလား"

ကျုံးမင်ရန်က သူ့နောက်ကိုလိုက်ပြီးကြည့်လိုက်တော့ ထိုကလေးမလေးသည် မြေပြင်ပေါ်တွင် ဘောလုံးတစ်လုံးကဲ့သို့ ကွေးကွေးလေးလဲလျောင်းလျက် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။ သူမ လက်ချောင်းတွေက ပါးမို့မို့လေးထက်တွင် ရှိနေနေခဲ့ပြီး ပါးမို့တွေက ကျောက်စိမ်းနှင့်သဏ္ဍာန်တူကာ  မည်သည့်အိပ်မက်ကိုမက်နေသည်မသိ မျက်ခုံးတွေက ကျုံ့နေပြီး မျက်ခွံတွေက အနည်းငယ်တုန်ရီနေကာ ကြည့်ဖို့ ရန် ခက်ခဲလှပေသည်။

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now