အပိုင်း( ၃၅ ) ဗိုလ်လုပွဲ (၃)

299 55 4
                                    

"ဆရာတူအကို သွမ်းကျန့်! "

အောက်ရှိ ရှောင်းယန်ဂိုဏ်း ၏တပည့်များသည် ကျယ်လောင်စွာ အော်လိုက်ကြပြီး လင်းလုံမှာ ကျောက်တုံးကြီးပေါ်မှပင်ခုန်ချလိုက်ကာ လဲကျလုနီးပါးပင်ဖြစ်သွား၏။
 

ဖျန်းဖျန်းသည် သူ၏တွဲဖက် လက်ကောက်ဝတ်တွင်ဒဏ်ရာရသွားသည်ကိုမြင်လျှင် ချက်ချင်းပင် ဓားကိုသိမ်းလိုက်ပြီး သူမလက်ပေါ်မှဒဏ်ရာကိုကြည့်၍ မေးလိုက်သည်။ "ဘယ်လိုလဲ။ သွေးကြောထိခိုက်သွားသေးလား. "

ယွိနင်၏မျက်နှာမှာ ဖြူဖျော့နေပြီး သူက မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေသကဲ့သို့ သွမ်းကျန့်ကိုသာ ကြည့်နေခဲ့ကာ အတန်ကြာပြီးနောက် အသံတိုးတိုးနှင့် ပြောလာ၏။ "မဖြစ်ပါဘူး။ သုံးရက်လောက်.....ဓားမကိုင်နိုင်ရုံလောက်ပါပဲ "

ဖျန်းဖျန်းက သူ၏ဓားရှည်ကိုဓားအိမ်ထဲသို့ပြန်ထည့်လိုက်ကာ မျက်နှာချင်းဆိုင် မှသွမ်းကျန့်အား ဂါရဝပြုလျက် ကြည်လင်သောအသံဖြင့်ပြောလိုက်သည်။ "ညီအကို ရဲ့သိုင်းပညာက အတော်ကောင်းတာပဲ။ကျွန်တော်တို့နှစ်ယောက် ချီးကျူးပါတယ် "

ထိုမှတ်ချက်ထွက်လာပြီးသည်နှင့် ဤပြိုင်ပွဲတွင် သွမ်းကျန့်အနိုင်ရသွားပြီဆိုသည်ကို သက်သေပြပြီးသားဖြစ်သွားတော့သည်။ ထိပ်ဆုံးလေးဦးတွင် ထပ်ပြီး ရှောင်းယန်ဂိုဏ်း မှတစ်ဦးတိုးလာပြန်ပြီဖြစ်သည်ဓ အောက်မှ ရှောင်းယန်ဂိုဏ်း၏တပည့်များကျယ်လောင်စွာ အားပေးလိုက်ကြသည်မှာ မိုးကောင်းကင်ကိုပင်လွှမ်းမိုးလုနီးနီးပင်။

သွမ်းကျန့်က အနည်းငယ်ပြုံးလိုက်ကာ လက်ထဲမှ အဖြူရောင်အလင်းတန်းများနှင့်ဓားကို ညင်ညင်သာသာလေး လှည့်ပတ်ကစားလိုက်ပြီးမှဝှက်ခနဲ မျက်နှာချင်းဆိုင်မှ ယွိနင်ထံသို့ အသာအယာ ပစ်ပေးလိုက်လေသည်။ သူမသည် စိတ်ရှုပ်ထွေးနေသည့်မျက်နှာနှင့် လက်ကိုမြှောက်ကာ လက်ခံလိုက်ပြီး နှုတ်ခမ်းများမှာ တစ်ခုခုပြောလိုဟန်ဖြင့် လှုပ်ရှားနေသော်လည်း နောက်ဆုံးတွင် ဘာမှမပြောတော့ချေ။

သွမ်းကျန့်က လေးနက်စွာပြောလိုက်၏။ "အရင်တစ်ခါ ကျင်းဟွားညီလာခံတုန်းက သွမ်းကျန့်အရည်အချင်းမရှိလို့ နှစ်ဦးသားထံမှာရှုံးနိမ့်ခဲ့ရတယ်။ ဒီတစ်ကြိမ်မှာတော့ နှစ်ဦးသားရဲ့ အလျော့ပေးမှုကြောင့် သွမ်းကျန့်ထောင်လွှားနိုင်ပါပြီ "

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now