အပိုင်း(၂၅)ကျင်းဟွားညီလာခံ(၆)

355 56 3
                                    

ဗုံသံပြီးဆုံးသည့်တိုင် လူအုပ်ကြီးသည် မိမိတို့ဂိုဏ်း၏ အောင်ပွဲဆောင်ပုဒ်များကို ကြွေးကြော်နေကြဆဲပင်။ ခဏအကြာတွင် ကွင်းအတွင်းမှ ဆူညံသံသည်ကျယ်လောင်လွန်းသဖြင့် မည်သည့်စကားကိုမှ မကြားနိုင်တော့ချေ။

ချု​လေ့သည်စင်မြင့်ပေါ်မှတဖြည်းဖြည်းထလာပြီးသူ၏ညာလက်ကိုအနည်းငယ်ဝေ့ယမ်းလိုက်လျှင် ဤ လှုပ်ရှားမှုနှင့်တင် ကွင်းအတွင်းမှဆူညံသံသည်ရုတ်တရက်ရပ်တန့်သွားပြီး မြေကြီးပေါ်အပ်ပြုတ်ကျသည့်အသံကိုပင် ကြားနိုင်သည်အထိ တိတ်ဆိတ်သွားတော့သည်။

ရွှမ်ကျီးသည် သူကထပ်ပြီးအပေါ်ယံစကားများ ပြောဦးမည်ကိုသိပေသည်။လူကြီးများသည် မည်သည့်အရာကိုပဲလုပ်လုပ် ဘာမှမလုပ်ခင် အပေါ်ယံစကားများပြောရသည်ကို နှစ်သက်ကြသည်ပင်။

သူမ ထိုအရာကိုနားမထောင်ချင်။ထို့ကြောင့် သူမက တိုက်ရိုက်ပင် လင်းလုံကိုဆွဲလိုက်ကာ သူမပြောသည့် အတင်းအဖျင်းစကားများကိုနားထောင်နေလိုက်တော့သည်။
  
"ပြောကြတာက တျန်ကျင်းတောင်ကြားသခင် ရုံကူ ငယ်ငယ်တုန်းက ချမ်းသာတဲ့မိသားစုက သားဖြစ်ပြီး ဇနီးသုံးယောက်နဲ့ကိုယ်လုပ်တော်လေးယောက်တောင်ရှိခဲ့တာတဲ့!သူ သက်လတ်ပိုင်းရောက်လာတော့ ရုတ်တရက်ကြီး မသေမျိုးဖြစ်ချင်လာတယ်။ အဲဒါနဲ့ပဲ ပြတ်ပြတ်သားသား ဇနီးတွေနဲ့ကလေးတွေကို စွန့်ပစ်ပြီး တျန်ကျင်းတောင်ကြားကို ရောက်လာခဲ့တယ်။သူ့ရဲ့ ဇနီးသုံးယောက်က သားသမီးတွေကိုခေါ်ပြီး လာရှာခဲ့ကြပေမယ့် ရလာဒ်ကတော့ သူက နှလုံးသားမဲ့စွာပဲ ဘယ်သူ့ကိုမှထွက် မတွေ့ခဲ့ဘူးလေ။ယောကျ်ားတွေများ...ဟွန့်"

လင်းလုံကပြောရင်း အမှန်တကယ်မြင်ဖူးသကဲ့သို့ ခေါင်းကိုယမ်းလိုက်သည်။

ရွှမ်ကျီးက မနေနိုင်တော့ဘဲမေးလိုက်၏။ "နောက်တော့ကော? သူဘယ်တော့မှသူတို့ကိုထပ်မတွေ့တော့ဘူးလား?"

တုမင်ရှင်းသည် နားတစ်ဖက်ဖြင့်  ဆရာ​ပြောသည့်မိန့်ခွန်းကိုနားထောင်နေပြီး နားတစ်ဖက်ဖြင့် သူတို့၏အတင်းအဖျင်းစကားများကို နားထောင်နေရင်းနှင့်ထို စကားကိုကြားသောအခါတိုးတိုးလေး ပြောလာလေ၏။."နောက်ဆုံးတော့ သူတွေ့ခဲ့တယ်။ နောက်တော့ သူ့ဇနီး နှစ်ယောက်က တျန်ကျင်းတောင်ကြားမှာအတူတူနေပြီး ကျင့်ကြံဖို့ သူ့ကိုဆွဲဆောင်နိုင်လိုက်တယ်လေ။ကျန်တဲ့တစ်ယောက်ကတော့.....ကလေးတွေကိုအိမ်ပြန်ခေါ်သွားပြီး တစ်နှစ်မပြည့်ခင်မှာပဲ ဖျားပြီးဆုံးသွားတယ်လို့ ငါကြားတယ်"

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now