အပိုင်း( ၃၈ )ငယ်ရွယ်ဖူးသစ်နှစ်များအား နှုတ်ဆက်ခြင်း (၁)

382 54 2
                                    

"လင်းလုံ ညီမလေးကအခုမှနိုးလာတာကို။အရေးမပါတဲ့ကိစ္စတွေကိုပြောမနေနဲ့လေ "

ဟော်သန်းဖင်သည် ရွှမ်ကျီး၏ မျက်နှာဖြူဖျော့နေသေးသည်ကိုမြင်လျှင် အလျင်စလိုပင် သမီးကြီးအား ဖယ်ခိုင်းလိုက်ပြီး ကုတင်ပေါ်တွင်ထိုင်လိုက်ကာ လက်ထဲတွင်ဆေးပန်းကန်လုံးအားကိုင်ထားလျက် နူးညံ့စွာပြောလိုက်၏။
"လာ ,ဆေးအရင်သောက်လိုက်။သောက်ပြီးသွားရင် ကောင်းကောင်းတစ်ရေးလောက်အိပ်လိုက်ရင် ကောင်းသွားလိမ့်မယ် "

ရွှမ်ကျီးသည် အမှန်တကယ်ပင် သူမ၏ထိုအားအင်များမည်သည့်နေရာမှလာသည်ကိုတွေးဖို့ရန် အားမရှိသောကြောင့် သစ်သားစအားလွှင့်ပစ်လိုက်ကာ သူမမိခင်၏ လက်ကိုကိုင်လျက် ဆေးတစ်ဇွန်းသောက်လိုက်၏။

"မေမေ့ အရမ်းခါးတယ်...." သူမက မျက်မှောင်ကြုတ်လျက် ကလေးလေးကဲ့သို့ပြုမူလိုက်သည်။

လင်းလုံက ပြုံးလိုက်ကာ စက္ကူနှင့်ထုပ်ထားသည့် ဇီးသီးသကြားလုံးအချို့အား သူမကိုပေးလိုက်ရင်း ပြောလိုက်၏။ "နင်ခါးတယ်လို့အော်မယ်ဆိုတာသိသားပဲ။ လာ,ဇီးသီးနည်းနည်းစားလိုက်။တကယ့်ကို ကလေးမလေးပဲ "

သူမက စက္ကူအားဖယ်ပေးလိုက်ကာ ရွှမ်ကျီးပါးစပ်ထံသို့ ထည့်ပေးလိုက်ပြီး ကုတင်ကိုမှီဖို့ရာကူညီပေးလိုက်လျက် ရယ်ရယ်မောမောနှင့်မေးလိုက်သည်။ "ဘယ်လိုလဲ။ ချိုတယ်မလား။ ငါကိုယ်တိုင်လုပ်ထားတာနော် "

ရွှမ်ကျီးက ခေါင်းညိတ်လိုက်၏။

"ချိုတယ်.....အင်း..နည်းနည်းလေးအရမ်းချိုနေရုံပါပဲ....."

သူမသည် ဆေးအားလုံးအား တစ်ကျိုက်ထဲမော့သောက်လိုက်တော့ပြီးသူမကိုယ်သူမ လင်းလုံ၏ကိုယ်တိုင်လုပ်ဇီးသီးသကြားလုံးအားကျွေးခံနေရခြင်းမှ ကယ်တင်လိုက်တော့သည်။ လင်းလုံသည် ဇီးသီးသကြားလုံးလုပ်ရာတွင် သကြားမည်မျှထည့်ထားသည်မသိ ချိုပုံမှာ လူအားလန့်သေစေလောက်ပေသည်။

"အခုသတိရလာပြီဆိုတော့ ဘာမှမစဥ်းစားနဲ့တော့ "လင်းလုံသည် လူကြီးလေးတစ်ယောက်လိုမျိုး သူမကို ပြန်လဲလျောင်းဖို့ကူညီပေးလိုက်ကာ သူမ၏ဂွမ်းစောင်နှင့်ခေါင်းအုံးများကို သပ်သပ်ရပ်ရပ် ဖြစ်အောင်လုပ်ပေးလိုက်ရင်း အမေအိုတစ်ယောက်ကဲ့သို့ တတွတ်တွတ်ပြောနေလေ၏။

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now