အပိုင်း(၆၄)နတ်သမီးက ခင်ပွန်းကိုထိမ်းမြားခြင်း

377 40 0
                                    

မိမိမှာ နတ်ဘုရား၏ အခြွေအရံအဖြစ် အရွေးချယ်ခံလိုက်ရသည်ဖြစ်ရာ ဖန်းယိကျန်း၏ မျက်နှာမှာ တောက်ပနေတော့ပြီး ယခင်ကနှင့် လုံးဝမတူတော့သည့်အပြင် ကျုံးမင်ရန်တို့ တစ်သိုက်၏ ' မကောင်းမှု 'များကိုပင် လုံးလုံးလျားလျားကြီး မေ့သွားတော့ကာ သူ့အိမ်တော်တွင် တည်းခိုပါရန် ယဥ်ယဥ်ကျေးကျေး ဖိတ်ကြားလာလေသည်။

လင်းလုံသည် သူ၏ ထိုပုံစံကို အလွန် သဘောမကျဖြစ်နေသောကြောင့် ချက်ချင်းပင် ခေါင်းယမ်းလျက် ဆိုသည်။ " မလိုပါဘူး! ကျုံးလီမြို့မှာ တည်းခိုအိမ်မရှိတာလည်း မဟုတ်ဘူး။ ဘာလို့ နင့်အိမ်ကိုသွားရမှာလဲ "

ဖန်းယိကျန်းမှာ သူမ၏ ပြင်းပြင်းထန်ထန် ငြင်းဆိုမှုကြောင့် အနည်းငယ် ရှက်ရွံ့သွား၏။နံဘေးမှ ရော့ယွိ့က အလျင်အမြန် ရယ်လိုက်လျက် ပြောလိုက်သည်။ " ဖန်းသခင်လေးရဲ့ စေတနာကို လျစ်လျူမရှုနိုင်ပါဘူး။ ပြောရရင် တစ်ဖက်သားရဲ့ ဧည့်ဝတ်ကျေခြင်းတစ်မျိုးပဲလေ "

ဖန်းယိကျန်းသည် ထို နှစ်လိုဖွယ်ကောင်းသည့် အလှလေး ရွှမ်ကျီးနှင့် ခွဲခွာရန် ဝန်လေးနေဆဲဖြစ်ပြီး ဤရက်များ အတောအတွင်း သူမနှင့် ပိုမို နီးစပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသဖြင့် လက်သီးဆုပ်လိုက်ပြီး ပြောလိုက်၏။ " တည်းခိုအိမ်တွေက ကောင်းပေမဲ့ နောက်ဆုံးမှာတော့ ကိုယ့်အိမ်မဟုတ်ဘူးလေ။ ကျွန်တော်က စိတ်ရင်းနဲ့ပါ။ သူရဲကောင်းတို့ ကျေးဇူးပြုပြီး မငြင်းပယ်ပါနဲ့ခင်ဗျာ "

အားလုံးမှာ ရော့ယွိ့ ပါးစပ်ဖွင့်လိုက်သည်နှင့် ထပ်မံ၍ မကန့်ကွက်ကြတော့ပေ။ သူ၏ ထို ကြီးမားလှသည့် မြင်းလှည်း အကောင်းစားကြီးပေါ်တွင် ထိုင်လျက် မြို့အတွင်းသို့ ကိန်းကြီးခန်းကြီးလုပ်လျက် ပြန်သွားလိုက်ကြတော့သည်။

" သူက ရည်ရွယ်ချက်ရှိရှိနဲ့ ရွှမ်ကျီးကို ငြင်းဆန်ခွင့်မပေးတာ !" လင်းလုံက ကျုံးမင်ရန် နားတွင် ကပ်လျက် တီးတိုးပြောနေ၏။ သူ ရွှမ်ကျီးအား ခိုးကြည့်နေသည်ကို တွေ့လိုက်တိုင်း သူမ သူ့အား မြင်းလှည်းပေါ်မှ ကန်ချလိုက်ချင်သည်။

ကျုံးမင်ရန်က ရွှမ်ကျီးကို လှမ်းကြည့်လိုက်သည်။ သူမက ပြတင်းပေါက်တွင် မှီကာ ငေးမောလျက်ရှိနေပြီး ပြတင်းအပြင်ဘက်ရှိ အလင်းရောင်က သူမ၏ သိမ်မွေ့လှပသော ကောက်ကြောင်းထက်၌ ဖုံးအုပ်ထားသည်။ မရင်းနှီးသူများကတော့ ဤကဲ့သို့သော တိတ်ဆိတ်အေးချမ်းသည့် အလှတရားကြောင့် မကြာခဏ ဆွဲဆောင်ခံရလေ့ရှိသော်လည်း သူတို့ကဲ့သို့ ရွှမ်ကျီးနှင့် အတူကြီးပြင်းလာသူများ၏ အမြင်တွင်မူ သူမ၏ ဤကဲ့သို့သော အမူအရာအတွက် အဓိပ္ပာယ်နှစ်မျိုးသာ ရှိသည်။ ' အိပ်ငိုက်နေခြင်း သို့မဟုတ် ငေးမောနေခြင်း '

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now