အပိုင်း (၄၂) ရှောင်းယန်တောင်သို့ အပြန်

356 56 9
                                    

Volume 2-*အပြည့်အဝ ပွင့်လန်းလာသည့် မက်မွန်ပန်းများ

အပိုင်း (၄၂) ရှောင်းယန်တောင်သို့ အပြန်

ညစာစားချိန်၌ တစ်ချိန်လုံး အရိပ်ပင်မ​မြင်ရလောက်အောင် အလုပ်များနေသည့် ချူလေ့က မမျှော်လင့်ဘဲ ပြန်လာလေသည်။ကျုံးမင်ရန်မှာ ဟော်သန်းဖင်ချန်ထားပေးသည့် ညစာအားပလုပ်ပလောင်းစားနေရင်းမှ မော့ကြည့်လိုက်ချိန်တွင် ဆရာဖြစ်သူအားတွေ့လိုက်ရသဖြင့် သီးလုနီးပါးပင်ဖြစ်သွားကာ အလျင်အမြန် ထရပ်လိုက်ပြီး ဂါရဝပြုလိုက်၏။ "တပည့်ဆရာ့ကို နှုတ်ဆက်ပါတယ်"

ချူလေ့သည် စိတ်အခြေအနေကောင်းနေပုံရကာ မျက်နှာထက်တွင် ရှားရှားပါးပါး အပြုံးတစ်ခုရှိနေပြီး သူ့အားလက်ဝှေ့ယမ်းပြလိုက်သည်။ "ထပါ, ဆက်စားချေ "

ဟော်သန်းဖင် က အပြုံးလေးနှင့် ဆို၏။ "အကိုကြီး ,
ဒီနှစ်ရက်လုံး တောင်အောက်ဆင်းပြီးအတွေ့အကြုံယူမယ့်တပည့်တွေရဲ့ အမည်စာရင်းသတ်မှတ်ရတာနဲ့အလုပ်ရှုပ်နေတာမလား။ သတ်မှတ်ပြီးသွားပြီလား "

လင်းလုံမှာ အစောကြီးကပင် သူမအဖေပြန်လာလျှင် မေးကြည့်ဖို့ စောင့်နေသည်ဖြစ်ရာ မနေနိုင်တော့ဘဲ မေးလိုက်၏။ "ဖေဖေ, ရွှမ်ကျီးကောပါမှာလား "

ချူလေ့က ခဏလောက် တွေးတောလိုက်ပြီးမှ ဆိုသည်။
“ကနဦးစာရင်းက သတ်မှတ်ပြီးပေမယ့် အရေအတွက်က အရမ်းများနေတယ်။ ခုနကလေးတင် ဆရာတူအကိုတွေနဲ့ ဆွေးနွေးခဲ့တာ တောင်ထိပ်တစ်ခုစီကနေ လူသုံးဦးကို အကြံပြုဖို့ စီစဉ်ထားတယ်။ စီစစ်ပြီး နှစ်မကုန်ခင်ဆုံးဖြတ်မယ်။ နှစ်သစ်ကူးပြီးတာနဲ့ သွားကြမယ်”

လင်းလုံက အလောတကြီးဝင်ပြောလိုက်၏။ "အဖေ အဖေဒီလောက်အများကြီးပြောနေတာ ရွှမ်ကျီးပါမှာလားမပါဘူးလားလို့ ? သမီးသူနဲ့မတွေ့ရတာ လေးနှစ်တောင်ရှိပြီဆိုနေ "

ချူလေ့က ရယ်လျက် "အဲဒါကတော့ သူဒီနှစ်တွေမှာကျင့်ကြံတာဘယ်လိုနေလဲဆိုတာပဲကြည့်ရမှာပဲ။ တကယ်လို့ ထူးချွန်ရင်တော့ ချူဆရာတူညီမလေး​က သေချာပေါက်သူ့ကိုအကြံပေးလိမ့်မယ်။ တကယ်လို့ အဆင်မပြေရင်တော့ ငါလည်းဝင်မစွက်ဖက်နိုင်ဘူး "

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now