အပိုင်း(၂၈) ကျင်းဟွားညီလာခံ ( ၉)

320 54 3
                                    


 ဒုတိယမြောက်နေ့၌ ကျင်းဟွားညီလာခံသည် ပုံမှန်အတိုင်းစတင်ခဲ့ပြီး လူငယ်တပည့်များအကြားမှ ဆွေးနွေးသည့်ခေါင်းစဥ်သည်သာ မည်သည့်ဂိုဏ်းကအနိုင်ရမည်ဆိုသည်မှ မည်သူက ရွှေစင်တစ်ရာတန် ငွေရောင်မြွေလေးအား ဖမ်းနိုင်မည်နည်းဆိုသည်သို့ ပြောင်းလဲသွားခဲ့လေသည်။

သည်မနက်စောစောတွင် ဂိုဏ်းအသီးသီးမှ တပည့်များသည် ဧည့်ဆောင်တံခါးဝ၌ အသိပေးစာများရခဲ့ကြကာ ပြောကြသည်မှာ လီကျယ်နန်းတော်မှတပည့်တစ်ဦးသည် သူ၏ဝိညာဥ်သားရဲ ငွေရောင်မြွေကို ပျောက်သွားခဲ့ပြီး သူနှင့်ထိုငွေမြွေမှာ အတူတကွကြီးပြင်းလာကြကာ အလွန်နက်ရှိုင်းသည့် ဆက်ဆံရေးရှိသောကြောင့်  ဤတစ်ကြိမ်၌ မည်သည့်​နေရာတွင်မှ ရှာမတွေ့သောအခါ စိတ်ထဲ၌ အလွန်တရာ စိုးရိမ်ပူပန်နေရှာပြီး သူ့ထံသို့ ငွေရောင်မြွေအား ပြန်ရှာလာပေးနိုင်သည့် မည်သူ့ကိုမဆိုသူက ရွှေစင်တစ်ရာပေးမည်ဖြစ်သည်။

မူလကပင် ဂိုဏ်းအသီးသီးမှ တပည့်များမှာ ပြိုင်ပွဲလာကြည့်ကြသူများသော်လည်း အလုပ်အားနေသည့်လူများလည်း များလေရာ ရွှေစင်တစ်ရာရရန်ရှိသည်ဟု ကြားသည်နှင့် လူတိုင်းသည် ကြိုးစားလိုစိတ်ထက်သန်နေကြပြီး ယွီစီးဖုန့်၏အခန်းမှာ မနက်အစောပိုင်းကနေ ယခုထိတိုင် လူပြတ်သည်ဟုမရှိသေးပေ။
  
"နှုတ်နဲ့သဘောတူတာကိုအားကိုးလို့မရဘူးလေ။ တကယ်လို့ ငါတို့အဲ့ငွေရောင်မြွေကို ရှာတွေ့ပြီးမှ မင်း​က ရွှေစင်တစ်ရာကိုထုတ်မပေးရင်ကော အဲ့အခါကျဘယ်လိုလုပ်မလဲ?"

ရောက်လာသူမှာ ရွှမ်းယွမ်ဂိုဏ်းမှ တပည့်တစ်ဦးဖြစ်ပြီး ယွီစီးဖုန့်အခန်းထဲတွင် တစ်ကျီကျီလုပ်နေသည်မှာအတော်ကြာပြီဖြစ်သည်။

နံဘေးမှ လင်းလုံမှာ နဂိုကပင် ရွှမ်းယွမ်ဂိုဏ်းမှ လူများအား မုန်းနေလေရာ သူတို့၏မနက်အစောကြီးကတည်းက စိတ်အနှောက်အယှက်လာပေးနေမှုကို မြင်လျှင် မထိန်းနိုင်တော့ဘဲ အေးစက်စက်ဖြင့် အော်လိုက်သည်။ "ဖမ်းနိုင်ရင်ဖမ်း မဖမ်းနိုင်ရင်အမြန်သွားတော့!အချိန်လာမဖြုန်းနဲ့!"

ထိုလူများ ချက်ချင်းဒေါသပေါက်ကွဲသွားလျှင် ယွီစီးဖုန့်က လက်ကိုဝှေ့ယမ်းလျက် ဂရုမစိုက်ဟန်ဖြင့် "ငွေရောင်
မြွေကို၊ရှာလာနိုင်သရွေ့၊ဒီရွှေတွေကို၊တစ်ဝက်အရင်၊ပေးထားမယ်"

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now