အခန်း(၄)ချူပ်နှောင်ထားခြင်း(၂)

1.1K 135 31
                                    

Unicode

ကျုံးမင်ရန်သည် ရှောင်းယန်တောင်၏ မင်မျိူးဆက်အမျိုးသားတပည့်များတွင် အထင်ရှားဆုံးတပည့် ဖြစ်ပြီး
ရှောင်းယန်ဂိုဏ်း၏ မင်မျိုးဆက်တပည့်များတွင်လည်း အငယ်ဆုံးသောတပည့်ဖြစ်သည်။ ထို့ကြောင့် ဆရာတူအကိုများသည် ဂိုဏ်း၏အသေးအဖွဲ့ကိစ္စများကို ကိုင်တွယ်​ဖြေရှင်းရန်ပျင်းရိလာသောအခါ သူ့အား လွဲအပ်ကြသောကြောင့် သူသည်နေ့တိုင်း တခြားတပည့်များထက် ပို၍အလုပ်များနေလေ့ရှိလေသည်။

ထို့ကြောင့်ပင် မေ့လျော့ခြင်းဆိုသည့်အရာကား သူ့ထံတွင် မကြာခဏ ဖြစ်ပွားတတ်သော အရာတစ်ခုဖြစ်လေသည်။

ထိုနေ့နေ့လည်စာစားပြီးနောက်သူသည်လေ့ကျင့်ရေးကွင်းသို့စောစောရောက်လာခဲ့သည်။ သူဓားအိမ်မှဓားကိုမထုတ်ခင်ပင်သူ၏ဆရာတူညီအစ်ကိုများစွာသည်သူနှင့်ယှဉ်ပြိုင်ရန်ရောက်လာခဲ့ကြသည်။  အစ်ကိုနှစ်ချန်မင်ကြွယ် သည်လိမ္မာပါးနပ်ဆုံး ဖြစ်ပြီး သူ့၏ ဓားသည် ဆရာတူညီလေးအား ရှုံးတော့မည်ကို မြင်သောအခါ
ရုတ်တရက်ပြောလိုက်၏။

“ မင်ရန် .မင်းနောက်ဆို ဆရာတူညီမလေး ဆီ ထမင်းပို့ရမှာမလား"

ကျူံးမင်ရန်သည် နှလုံးသားတွင်းမှ ရုတ်တရက် တုန်လှုပ်သွားပြီး ဓားကွက်ရဲ့ အားနည်းချက်ကို ဖော်ပြလိုက်မိလေသည်။ ချန်မင်ကြွယ်ဟာ အခွင့်အရေးကိုအရယူလိုက်ပြီးလျှင် လက်ကောက်ဝတ်မှ ဓားကိုလှည့်ကာ သူ၏ဓားကို ရိုက်ချလိုက်ပြီး ရယ်လျက်ပြောလိုက်၏။

"မင်း ရှုံးသွားပြီ..မြန်မြန်ထမင်းသွားမပို့သေးဘူးလား..ဆရာကတော်သိသွားရင် စိတ်မကောင်းဖြစ်နေအုံးမယ်."

သူအမှန်တကယ်ပင် မေ့​နေခဲ့ပါ၏။

ကျုံးမင်ရန်ဟာ စိတ်ပျက်အားလျော့စွာ လေ့ကျင့်ရေးကွင်းမှ အပြေးအလွှား ထွက်ခွာပြီး စားဖိုဆောင်မှ စားစရာများကို သွားယူလေသည်။ အဘယ့်ကြောင့်ဆိုသော် ရွှမ်ကျီးသည် လေ့ကျင့်ကွင်းသို့ လာသည့်အချိန်မှာ အလွန်နည်းသည့်အပြင် သူသည်လည်း ဤဆရာတူညီမငယ်လေး၏ ကိစ္စများကို ဂရုစိုက်ရန် စိတ်မပါပေ။ထို့အပြင် ဤမနက်စောစောမှ  သင်ယူခဲ့ရသည့် ကျင့်စဥ်အသစ်သည် အလွန်ရှုပ်ထွေးလေ၏။ထို့ကြောင့် ကျင့်စဥ်အား လေ့ကျင့်ရန်သာ အာရုံများနေခဲ့ပြီး ရွှမ်ကျီးချူပ်နှောင်ထားခံရသည့် ကိစ္စအား လုံးလုံးကို မေ့လျော့နေခဲ့သည်ပင်။

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now