အပိုင်း( ၇၁) အစစ်အမှန်ခန္ဓာ

309 23 1
                                    

" မင်းတကယ်လို့ မင်းရဲ့သူငယ်ချင်းကို ကယ်ချင်ရင် အရင်ဆုံး ခရမ်းရောင်မြေခွေးရဲ့ အစစ်အမှန်ခန္ဓာကို ရှာရမယ်။ မဟုတ်ရင် ဘယ်လို လှည့်ကွက်မှော်ပညာမျိုးပဲဖြစ်ဖြစ် သူ့ရှေ့မှာ အသုံးမဝင်ဘူး "

ထင်နူက ဘီးတပ်ကုလားထိုင်ကို တွန်းလိုက်၏။ မထင်မှတ်စွာပင် အလွန်မြန်ဆန်လှပြီး ရွှမ်ကျီးနှင့်ပင် ဘေးချင်းကပ် ပြေးနိုင်လေသည်။

ရွှမ်ကျီးသည် အစောပိုင်းက ခန်းမကြီးထဲတွင် သူမ၏ ဓားနှင့် မည်သို့မျှ ခရမ်းရောင်မြေခွေးအား မထိုးနိုင်ခဲ့ဘဲ ၎င်း၏ သဏ္ဍာန်မှာလည်း မီးခိုးတိမ်တိုက်ကဲ့သို့ လွင့်မျှောနေသည်ကို သတိရသွား၏။

" ဒါဆို အစစ်အမှန်ခန္ဓာက ဘယ်မှာလဲ "

ထင်နူက ခဏ စဥ်းစားလိုက်ပြီး " ခရမ်းရောင်မြေခွေးက အမြဲတမ်း ဉာဏ်နီဉာဏ်နက်များပြီး အစစ်အမှန်ခန္ဓာကိုလည်း ရတနာလို တန်ဖိုးထားဆက်ဆံတယ်။ သူ သေချာပေါက်  သာမန်နေရာမှာ ထားမှာမဟုတ်ဘူး။ ငါတို့ ထျန်းကျီဆောင်ကို သွားပြီး ရှာကြရအောင်။ သေချာသလောက်ကတော့  အဲဒီနေရာမှာပဲ "

အဲဒီ ထျန်းကျီဆောင်ဆိုတာက ထပ်ပြီး ဘာနေရာကြီးလဲ ?? ရွှမ်ကျီးသည် ကူကယ်ရာမဲ့စွာဖြင့် သူ့အား ကြည့်လိုက်၏။ မိစ္ဆာ၏ သားရဲတွင်းကား အမှန်တကယ်ကို ပရမ်းပတာပင်။

" ထျန်းကျီဆောင်က တင့်ဟိုင်သံကြိုး* ကို ထားထားတဲ့နေရာပဲ "  သူက ခေါင်းပေါ်သို့ လက်ညိုးညွှန်လိုက်လျက် " အပေါ်ထပ်မှာတင် "

ရွှမ်ကျီးသည် တင့်ဟိုင်သံကြိုး ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း ဆိုသည်ကို အလွန်တရာပင်မေးလိုက်ချင်သည်။ သူမ ထိုအကြောင်းကို သိလည်းမသိသလို ကြားလည်းမကြားဖူးပါချေ။ သို့သော် ယခုအချိန်ကား အမှန်တကယ်ပင် စကားပြောရမည့်အချိန်ကောင်းမဟုတ်သဖြင့် ပါးစပ်ပိတ်ကာ အရှေ့ကိုပြေးဖို့သာ အာရုံစိုက်လိုက်တော့သည်။

ဤဂူမှာ သိပ်ပြီးမကြီးလှသဖြင့် အလျင်အမြန်ပင် အဆုံးသို့ရောက်သွားကာ လျို့ဝှက်လမ်း၏ တစ်ဖက်သို့ ပြန်ရောက်သွားတော့သည်။ ထင်နူမှာ အမှောင်ထဲတွင် ဆီမီးထွန်းစရာမလိုဘဲ  ရှင်းရှင်းလင်းလင်း မြင်နိုင်ပုံရ၏။ သူက  ဘယ်ဘက်အပေါ်ရှိ ဆီမီးခုံကို ညွှန်ပြလိုက်ကာ ဆိုသည်။ " အဲဒါကို မီးထွန်းလိုက် ။ ထျန်းကျီဆောင်ကို သွားမယ့် ဖြတ်လမ်းရှိတယ် "

You've reached the end of published parts.

⏰ Last updated: Aug 20, 2023 ⏰

Add this story to your Library to get notified about new parts!

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now