အပိုင်း(၂၁)ကျင်းဟွားညီလာခံ(၂)

396 61 8
                                    


ဒုတိယနေ့နံနက်စောစော၌ ဟော်တန်းဖင်သည် တောင်ထွတ်သို့သွား၍ ခင်ပွန်းသည် နှင့်အတူ ကျင်းဟွားညီလာခံ အားစီစဥ်လေသည်။

ကလေးတစ်သိုက်သည်ကား နေ့ခင်းသုံးချက်တီးအထိ အိပ်ပျော်နေကြပြီး နံနက်စာစားပြီးနောက်  ရှောင်းယန်တောင်၏ရှုခင်းများကိုခံစားရန် ယွီစီးဖုန့်အား ခေါ်သွားကြလေသည်။
  
ရှောင်းယန် တောင်တန်းတွင် တောင်စဥ်ခုနှစ်သွယ်ရှိပြီး အကြီးဆုံးတောင်မှာ ရှောင်းယန်တောင်ဖြစ်ပေသည်။
ယခင်က ရွှမ်ကျီး အပိတ်ခံခဲ့ရသည့် မင်ရှဂူသည် မြောက်ဘက် ထိုက်ရန်တောင်တွင် တည်ရှိကာ ထိုနေရာ၌
ကြမ်းတမ်းသောကျောက်များနှင့်ခက်ခဲသောမြေပြင်များရှိပြီးသာမန်လူများတက်ဖို့ ခက်ခဲသည်။  အပြစ်ပေးရန်တာဝန်ယူထားသည့် ကျန်ရှားခန်းမ သည်လည်း ထိုက်ရန်တောင်ထိပ်တွင်ပင် တည်ရှိပြီး ဟဲယန်အကြီးအကဲ ကဦးဆောင်လေသည်။

တောင်စဥ်ခုနှစ်သွယ်အနက် ရှုခင်းအလှဆုံးမှာ ရှောင်းယန်တောင်ပင်ဖြစ်သည်။ ၎င်းသည် တစ်ခြားသော တောင်ခြောက်တောင်များထက် မမြင့်သွန်း မရှည်လျားသော်လည်း စိမ်းလန်းသောမြက်ခင်းစိမ်းများနှင့် အံ့သြဖွယ်ရာလှပသည့် ရှုခင်းများနှင့်ပြည့်နှက်နေကာ
ထူးခြားဆန်းကြယ်၍ ရှားပါးလှသည့် သားရဲများလည်း ရှိနေပြီး တောင်အနောက်ဘက်တွင် စိတ်ဝိညာဉ်စိမ့်စမ်း
များက စီးဆင်းလျက်ရှိသည်။ ရွှေရောင် ခွင်းလွင်ကျောက်စိမ်း အကိုင်းအခက် သစ်သီးများက စိမ့်စမ်းတစ်ဝိုက်တွင် ရှင်သန်ပေါက်ရောက်နေကြကာ ရနံ့များကို ထုတ်လွှင့်နေကြလေ၏။

ချူရင်းဟုန် ဦးဆောင်သည့် ယွိယန်ခန်းမသည်ကား ရှောင်းယန်တောင်ထွတ်ပေါ်တွင် တည်ရှိသည်။
 
တစ်ခြားသော တောင်ထိပ်ငါးခုမှာ ချင်းယန်၊ပင်ယန်၊ ကျိယန်၊ယွဲ့ယန်နှင့် ကျုံယန်တို့ဖြစ်ကြပြီး အခြားသော အကြီးအကဲငါးဦးမှ မတူညီသည့် ခန်းမအသီးသီးကို တာဝန်ယူအုပ်ချုပ်ကြသည်။
  
တောင်ထွတ် ခြောက်ခုနှင့် ခန်းမခြောက်ခုမှာ အမြင့်ဆုံး ရှောင်းယန်တောင်ထွတ်နှင့် နီးနီးကပ်ကပ် ဝန်းရံလျက်ရှိပြီး ဂိုဏ်း၏ ခံစစ်ကို စနစ်တကျပြင်ဆင်ထားလေသည်။ ယွီစီးဖုန့်သည် ဟိုဟိုဒီဒီ လျှောက်ကြည့်ပြီးနောက် သူ့နှလုံးသားအောက်ခြေမှ မချီးကျူးဘဲမ​နေနိုင်တော့ဘဲ ရှောင်းယန်ဂိုဏ်း သည် အဘယ်ကြောင့် ဂိုဏ်းငါးဂိုဏ်းထဲတွင် ထိပ်ဆုံးဖြစ်နေသည်ကိုလည်း နားလည်သွားတော့သည်။

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now