အပိုင်း(၂၇)ကျင်းဟွားညီလာခံ ( ၆)

325 63 4
                                    


  
 ပြိုင်ပွဲပထမနေ့သည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ဤတစ်ကျော့၌ လူတစ်ဝက်ခန့်ကို ဖယ်ရှားပစ်ခဲ့ပေသည်။ ကျင်းဟွားညီလာခံသည် တစ်ခြားလူများနှင့် မတူညီဘဲ ရှုံးသည်နှင့်တပြိုင်နက်ပြန်တက်ရန်လမ်းမရှိပေ။ထို့ကြောင့် တပည့်များမှာ မိမိတို့၏ဂိုဏ်းကို ဂုဏ်သရေယူဆောင်လာပေးရန်နှင့် အစောဆုံးဖယ်ရှားခံရခြင်းမှ ကာကွယ်ရန် အစွမ်းကုန်အားထုတ်ကြရပေသည်။

ညနေပိုင်း၌  များပြားလှသောပြိုင်ပွဲကိစ္စရပ်များ ပြီးဆုံးသည်အထိ အောင့်အီးသည်းခံနေခဲ့ရသည့် ချူလေ့တို့ဇနီးမောင်နှံ ပထမဆုံးလုပ်သည့်အလုပ်မှာ သမီးဖြစ်သူရွှမ်ကျီး၏ ဒဏ်ရာအား အပြေးအလွှားလာကြည့်ခြင်းပင်။

ဟော်သန်းဖင်သည် တစ်နေ့တာလုံး မျက်ရည်ထိန်းနိုင်ခဲ့သော်လည်း ရွှမ်ကျီး၏ ပတ်တီးများပြည့်နေသည့်ခေါင်းကို မြင်သည့်အခါ၌ မျက်ရည်များစီးကျလာတော့၏။
  
"ဒဏ်ရာပြင်းလား?နာနေလား?" သူမက သမီးဖြစ်သူအားလက်မောင်းထဲတွင်ပွေ့ထားရင်းမျက်ရည်များစီးကျနေခဲ့သည်။
 
ရွှမ်ကျီးကား စားလက်စအသားအား အသားကင်များဖြင့်ပြည့်နေသည့် ပါးစပ်ထဲသို့သိပ်ထည့်လိုက်ပြီး ဗလုံးဗထွေးပြောလိုက်၏။

"အမေ သမီးဘာမှမဖြစ်ပါဘူး။နည်းနည်းလေးတောင်မနာဘူးရယ်။ကြည့်ပါလား! "သူမက လက်ဖြင့်ဒဏ်ရာအားရိုက်လိုက်ပြီး တကယ်ပင်မျက်နှာလေးတောင်ရှုံ့မသွားချေ။

ဟော်သန်းဖင်က သူမလက်ကိုအလျင်အမြန် ဖမ်းဆွဲလိုက်ကာ နူးနူးညံ့ညံ့လေးဟန့်လိုက်၏။ "လျှောက်မလုပ်နဲ့!မတော်လို့ ဒဏ်ရာပြန်ကွဲသွားရင်ဘယ်လိုလုပ်မလဲ!.
  
ချူလေ့က ဒဏ်ရာကိုစစ်ဆေးကြည့်ချင်သောကြောင့် ပတ်တီးအား နူးနူးညံ့ညံ့လေး ဖယ်ကြည့်လိုက်သည်။မည်သူသိမည်နည်း။ ပတ်တီးစပေါ်တွင် ​သွေးများစွန်းထင်နေသေးသော်လည်း သူမခေါင်းပေါ်၌ ဒဏ်ရာလေးပင်ရှိမနေဘဲ ငယ်ထိပ်ရှိ စိုရွှဲနေသည့်သွေးများကသာ ကိတ်တစ်လုံးကဲ့သို့ ခြောက်သွေ့နေကာ အောက်ဘက်ရှိဦးရေခွံမှာ ကောင်းမွန်နေပြီး အမာရွတ်သေးသေးလေးပင်မမြင်ရပေ။

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now