အပိုင်း (၅၁) သူနှင့် ပြန်လည်ဆုံတွေ့ခြင်း

349 52 10
                                    

ရွှမ်ကျီးသည် ပြုတ်ကျသွားသည်နှင့်တစ်ပြိုင်နက် ဓားကိုလှမ်းဆွဲလိုက်သော်လည်း သူမပတ်ပတ်လည်၌ ပျံဝဲနေသည့် ထူးဆန်းသည့်ငှက်များမှာ  အလွန်များပြားလှပြီး သူမအား တွန်းထိုးဆိတ်နေကြသောကြောင့် အနည်းငယ်ပင် မလှုပ်ရှားနိုင်တော့ဘဲ လက်ချောင်းများမှာ ဓားရိုးတွင်ချိတ်လျက်ပါသွားပြီး ချော်လျက် ပြုတ်ကျသွားတော့သည်။

နားထဲတွင်လင်းလုံ၏ အော်သံကိုသာကြားလိုက်ရပြီး သူမ ဂရုတစိုက်နားမထောင်ရသေးမှီမှာပင် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန်ပြုတ်ကျသွား၏။

ထိုထူးဆန်းသောငှက်များသည် စူးရှစွာအော်မြည်လိုက်ကြပြီး ပြေးလာကြကာ ချက်ချင်းပင် သူမအား အလယ်တွင် ဝိုင်းရံလိုက်ပြီး သေးငယ်သော ဘောလုံးတစ်လုံးအဖြစ် ပြောင်းလဲကာ အတူတူကျသွားလေသည်။  ရွှမ်ကျီး သည် ခြေသည်းချွန်ကြီးများ၏ ဘယ်ညာ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သော်လည်း မရေမတွက်နိုင်အောင် များပြားလှပြီး သူမ၏ ခါးပေါ်ရှိ အခြားဓားတစ်ချောင်းသည်လည်း ထပ်မံ ချိတ်မိသွားကာ သူမ ဆွဲထုတ်၍မရတော့ချေ။  ခဏအကြာတွင် သူမသည် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ပြီး လက်မောင်းနှင့် ပခုံးနောက်ဘက်တွင် မည်မျှ ဒဏ်ရာရသွားသည် သွေးများမည်မျှထွက်လာသည်ကိုပင် မသိနိုင်တော့။

သူမလုပ်နိုင်သောတစ်ခုတည်းသာအရာကား အခြစ်ရာတွေနှင့် ရုပ်ပျက်ဆင်းပျက်မဖြစ်စေဖို့ရန် သူမခေါင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ဖို့သာပင်။ ထိုအချိန်၌ ချီများမှာ မလုံလောက်တော့ဘဲ ထပ်မံပြုတ်ကျသွားကာ ထပ်မံ၍လည်း မီးနဂါးတစ်ဝက်ကိုပင် မခေါ်ထုတ်နိုင်တော့ဘဲ ကျန်ရှိနေသည့် ချီအနည်းငယ်ကို သုံး၍ သူမကိုယ်အား မြေပြင်ပေါ်သို့ ကျချိန်တွင် မကျိုးပဲ့သွားစေရန် ကာကွယ်လိုက်ဖို့သာ တတ်နိုင်တော့သည်။

​ကြောက်စရာအကောင်းဆုံးသည်ကား မြေပြင်ပေါ်ကျသွားပြီးနောက်တွင်ပင် ထိုငှက်များမှာ လက်မလျော့သွားဘဲ သူမအား လာရောက်ကိုက်ကြမှာကိုပင်။ ထိုအချိန်ကျလျှင် သူမ လုံးဝခုခံဖို့ရန် အားအနည်းငယ်ပင်မရှိတော့ဘဲ အစားခံဖို့ရန်သာ ခွင့်ပြုလိုက်ရတော့မည်သာ။

Love and redemption (琉璃美人煞)Myanmar Translation Where stories live. Discover now