အခန်း(၄)

223 33 2
                                    

Unicode

မနက်ခင်းရဲ့ အလင်းစူးစူးဟာ မှန်ပြတင်းလိုက်ကာကြားကနေတဆင့် ကျွန်တော့်မျက်နှာပေါ်ကို ကျူးကျော်ဝင်ရောက်လာခဲ့တယ်။

ကျွန်တော်မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ ဟိုတယ်မျက်နှာကျက်ဖြူဖြူကို အရင်ဆုံးမြင်လိုက်ရတယ်။ ကုတင်ကျယ်ကြီးမှာ ကျွန်တော်တစ်ယောက်ထဲ။ ကျွန်တော့်ကိုယ်ပေါ်မှာ စောင်ဖြူတစ်ထည်ကို ခြုံထားတယ်။ ကျွန်တော်အားယူပြီး ထထိုင်လိုက်တယ်။

"...အ..."

မနေ့ညက ကျွန်တော်အိပ်မက်မက်နေတာ မဟုတ်ကြောင်း ကျွန်တော့်အောက်ပိုင်းတစ်နေရာက နာကျင်မှုနဲ့တကွ သက်သေပြနေတယ်။ ဒီပုံအတိုင်းဆိုရင် ဒီညတောင် အလုပ်ဆက်လုပ်နိုင်ပါတော့မလားလို့ တွေးလိုက်မိသေးတယ်။ ဈေးကြီးတဲ့နေရာကို ခေါ်လာတယ်ဆိုတိုင်း လူကိုအသေလုပ်သွားတာပဲ။ သူ့ကိုထူးခြားတယ်‌လို့ထင်နေတာ နောက်ဆုံးတော့လည်း ဒီပုပ်ထဲကဒီပဲပါပဲ။ ကျွန်တော်ကသာ ကိုယ့်ဘာသာစောက်ရူးထနေတာ။

ကျွန်တော့် ကုတင်ဘေးမှာ မနေ့ညက ကျွန်တော့်အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ခေါက်တင်ထားတာ တွေ့ရတယ်။ အဝတ်ပုံပေါ်မှာ အပြာရောင်ငွေစက္ကူတစ်အုပ်ကိုတွေ့ရတယ်။ ကျွန်တော် အတွေ့အမြင်ချင်ဆုံးအရာပေါ့လေ။

ဒါပေမဲ့ ကျွန်တော့်မျက်လုံးတွေက ရှာဖွေဖြင်းကို မရပ်တန့်ခဲ့ဘူး။ ကျွန်တော် ဆက်ရှာနေမိသေးတယ်။ ဘယ်လိုပဲရှာပါစေ မတွေ့ဘူး။ သူ့ကို မပြောနဲ့။ သူ့အငွေ့အသက်တွေတောင် မတွေ့ရဘူး။ ဒီလူက လေလိုအငွေ့ပျံသွားတာလားပဲ။

"...ကောင်းတာပေါ့ မတွေ့ရတော့လည်း...ငါလည်း မတွေ့ချင်ပါဘူး..."

ကျွန်တော့်ဘာသာ တစ်ယောက်ထဲရေရွတ်လိုက်ပြီးနောက်မှာ ရေမိုးချိုး၊ အဝတ်အစားတွေဝတ်လိုက်တယ်။ ငွေထုပ်ကိုတော့ ဘောင်းဘီအိတ်ထဲထည့်လိုက်တယ်။ ကုတင်ဘေးက ဖုန်းကိုဆွဲယူလိုက်ရင်း အခန်းထဲက ထွက်လာခဲ့တယ်။

"...အ...လမ်းလျှောက်တာတောင် နာနေတုန်းပဲ၊ မကောင်းတဲ့လူကြီး...သူဘယ်လောက်တောင်‌‌ေပးသွားလို့လဲ၊ ဆယ်သိန်းမို့လား သိန်းနှစ်ဆယ်မို့လား....ဟမ်...ဆယ်...ဆယ်သိန်း?..."

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now