အခန်း(၁၉)

126 25 1
                                    

Unicode Version

ကျွန်တော် ပထမဆုံးခြေလှမ်းအဖြစ် အရင်ကနေခဲ့ဖူးတဲ့ ဘုရားကျောင်းဆီ သွားခဲ့တယ်။ ကျောင်းက ပြန်ပြင်ဆောက်ထားပေမဲ့ အရင်ကပုံစံနဲ့ သိပ်မကွာဘူး။ တည်နေရာကလဲ တောင်ကုန်းလေးပေါ်မှာပဲ။ ခြံစည်းရိုးတွေခတ်လိုက်တာတစ်ခုပဲ အရင်နဲ့မတူတော့တာ။

"...အင်း...အရင်ကကလေးတွေရဲ့ နာမည်စာရင်းက မီးလောင်တုန်းက ပါသွားပြီ၊ စိတ်မကောင်းပါဘူး သားရယ်၊ ရှာလို့မရလောက်တော့ဘူးထင်တယ်..."

စစ်စတာကြီးပြောလိုက်တဲ့ စကားကြောင့် ကျွန်တော်စိတ်ဓာတ်ကျသွားတယ်။ သုတသစ်က လျောကျသွားတဲ့ ကျွန်တော့်ပုခုံးကို ဖိညစ်ပြီးအားပေးလာတယ်။

"...အကို စိတ်ဓာတ်မကျပါနဲ့၊ ညီတို့မှာ တခြားနည်းလမ်းရှိဦးမှာပါ..."

"...ရပါတယ် သုတ၊ ငါလဲ ထင်တော့ထင်ထားပြီးသားပါပဲ၊ ဒီလောက်ကြာနေပြီဆိုတော့...အင်း..."

ကျွန်တော်လဲ နှစ်တွေကြာခဲ့ပြီး မီးလဲလောင်ခဲ့ဖူးတယ်ဆိုတော့ ခက်ခဲမယ်မှန်း ကြိုတွေးမိထားပါတယ်။ ဒါပေမဲ့လဲ မျှော်တော့မျှော်လင့်ခဲ့တာပေါ့လေ။ သုတသစ်က လက်မလျှော့။ စစ်စတာကြီးကို ထပ်မေးလိုက်တယ်။

"...အဲ့တုန်းက အသက်ရှင်ကျန်ရစ်သူတွေရော ရှိသေးလားခင်ဗျ..."

"..."

စစ်စတာကြီးဟာ ခေါင်းကိုလေးဖင့်စွာခါလျက် ကျွန်တော်တို့ကို အဖြေပြန်ပေးလာခဲ့တယ်။ တကယ့်ကိုပဲ ဒီနေရာမှာ ကျွန်တော့်အတွက် မျှော်လင့်ချက်ရေးရေးလေးတောင် မရှိတော့ဘူးပဲ။

ကျွန်တော်နဲ့သုတသစ် ရုံးခန်းလို အခန်းငယ်လေးထဲကနေ ထွက်လာခဲ့ကြတယ်။ ဘုရားကျောင်းဝင်းဟာ ကျယ်ဝန်းပြီး သပ်သပ်ရပ်ရပ်ရှိလှတယ်။ ကုန်းမြင့်ပေါ်မှာတည်ရှိနေတာကြောင့် လေကောင်းလေသန့်တွေလဲ ကောင်းကောင်းရမဲ့ပုံရှိတယ်။ ဖြစ်နိုင်ရင် ကျွန်တော် ဘဝတစ်သက်လုံး ဒီလိုနေရာလေးမှာပဲ ကုန်ဆုံးသွားလိုက်ချင်တော့တယ်။

"...ဒီနေရာလေးက တကယ်နေလို့ကောင်းမဲ့ပုံပဲနော် အကိုညရိပ်..."

ကျွန်တော့်အတွေးနဲ့ သုတအတွေးက လာတူနေတာပဲ။ သူလဲ ကျွန်တော့်လို စိတ်ကူးနေပြီနဲ့တူတယ်။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now