Unicode Version
Warning ❗ ဤအခန်း၌ Sexual content အချို့ပါဝင်သည်။
နောက်တစ်နေ့မနက်ခင်း...
ဟိုတယ်ရဲ့ပြတင်းဝမှာ နေခြည်နုနု...
အခန်းရဲ့ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲရောထွေးနေတဲ့ အဝတ်အစားတွေ...
အဖြူရောင်မွေ့ယာထက်မှာတော့ တစ်ဦးနှင့်တစ်ဦးပွေ့ဖက်ကာ အိပ်မောကျနေတဲ့ လူသားနှစ်ယောက်...။
ကုတင်ဘေးမှာထားထားတဲ့ ဖုန်းဆီကနေ ဖုန်းဝင်လာသံကြားတော့ ကျွန်တော်အမြန်ယူကြည့်လိုက်တယ်။ ကျွန်တော့်ဘေးကိုကြည့်လိုက်တော့ ညရိပ်ကတော့ အိပ်ပျော်နေဆဲပဲ။ တော်သေးတယ်၊ ဖုန်းသံကိုအချိန်မီတားလိုက်နိုင်လို့။ သူ ညတုန်းက ကျွန်တော့်ကြောင့် အများကြီးပင်ပန်းထားတာ အခုလို ကျွန်တော့်ဖုန်းသံကြောင့် နိုးသွားစေလို့မဖြစ်ဘူးလေ။
ကျွန်တော် အသာလေးကုတင်ပေါ်ကဆင်းပြီး ဘေးနားမှာကျနေတဲ့ တဘက်ဖြူတစ်ထည်ကို ခါးမှာပတ်လိုက်တယ်။ ပြီးတော့ ဖုန်းယူပြီး ဟိုတယ်ရဲ့ လေသာဆောင်အသေးစားလေးဆီ ထွက်လိုက်တယ်။ ဒါမှသာ ဖုန်းပြောသံကြောင့် ညရိပ်အနှောင့်အယှက်မဖြစ်မှာပေါ့။
"...ပြော...Alex..."
"...ဆရာ့ကိုနှောင့်ယှက်မိရင်တောင်းပန်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကို ဆရာသိမှဖြစ်မှာမို့..."
"...ဘာကိစ္စလဲ..."
"...ကောင်းဝေယံသေသွားပြီ..."
"...ဘာ... ဘယ်လိုဖြစ်တာလဲ..."
"...တောင်းပန်ပါတယ် ဆရာ၊ ကျွန်တော် အသုံးမကျတာပါ..."
မနက်စောစော ဒေါသဖြစ်စရာကြားရပေမဲ့ ကျွန်တော်စိတ်ကိုထိန်းနေရတယ်။ အသံကျယ်သွားလို့ ညရိပ်နိုးသွားရင် မကောင်းဘူးလေ။ ဒါကြောင့် အော်ဟစ်ဆူငေါက်ပစ်ချင်တဲ့စိတ်ကို သည်းခံပြီး ဆက်ပြောလိုက်ရတော့တယ်။
"...ငါလိုချင်တာ မင်းရဲ့တောင်းပန်မှုမဟုတ်ဘူး Alex၊ အသုံးမကျလဲ ခုမှတော့ ဘာမှလုပ်လို့မရတော့ဘူး၊ ဖြစ်ကြောင်းကုန်စင်သာ ငါ့ကိုပြော..."
"...ဟုတ်ကဲ့၊ ကျန်ခဲ့တဲ့နှစ်ရက်က ဆရာမှာတဲ့အတိုင်း ကျွန်တော် ဟိုချာတိတ်ကို ရန်ကုန်ပြန်ပို့ပေးပြီးတာနဲ့ ကျွန်တော်ဂိုထောင်ကိုသွားကြည့်တော့ သူက အားလုံးကိုဝန်ခံတော့မယ်တဲ့၊ အဲ့လိုနဲ့ ကျွန်တော် သူ့ခံဝန်ကို အသံသွင်းနေတုန်း ဘယ်ကမှန်းမသိတဲ့အဖွဲ့တစ်ဖွဲ့ရောက်လာပြီး သူ့ကိုနှုတ်ပိတ်သွားကြတယ် ဆရာ..."
YOU ARE READING
Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗
Romanceဒါကမဟူရာရဲ့ နောက်ထပ်owncreationတစ်ပုဒ်ဖြစ်ပါတယ်။ Unicode+Zawgyi versionနှစ်မျိုးနဲ့ဖတ်နိုင်ပါတယ်။ ❗ဤဝတ္ထု၌ Mature Contentများပါဝင်သဖြင့် အသက်၁၈နှစ်အောက်များ ဖတ်ရန်မသင့်တော်ပါ ❗