အခန်း(၈)

162 27 2
                                    

Unicode

"...လူနာအခြေအနေ ဘယ်လိုရှိသလဲ ဆရာ..."

"...‌လူနာက ရှော့ခ်ရသွားတာအပြင် အဖျားလည်းရှိနေတော့ သတိလစ်သွားတာပါ၊ အခုတော့ အိပ်ပျော်နေတယ်၊ ခဏနေရင် သူနိုးလာပါလိမ့်မယ်..."

"...သူနိုးရင် ဆေးရုံဆင်းလို့ရပြီလား..."

"...ဟုတ်ကဲ့၊ ရပါပြီ..."

"...ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဆရာ..."

ကျွန်တော် အိပ်မက်လိုလို တကယ်လိုလို စကားပြောသံတစ်ချို့ကို ကြားနေရတယ်။ ကျွန်တော် မျက်လုံးတွေမဖွင့်ကြည့်သေးပဲ အသံကိုပဲနားစွင့်နေလိုက်တယ်။ လူတစ်ယောက်က ကျွန်တော့်ကုတင်ဘေးရောက်လာပုံပဲ။ ကျွန်တော့်နှာခေါင်းက အနံ့တစ်ခုရလိုက်တယ်။ သိပ်မပြင်းတဲ့ရေမွှေးနံ့တစ်ခု။ အဲ့လူက သူ့ဘေးနားက လူကိုလှမ်းပြောလိုက်တယ်။

"...မင်း ငွေသွားရှင်းထားလိုက်၊ သူနိုးတာနဲ့ ပြန်မယ်၊ ကားကိုအဆင်သင့်လုပ်ထား..."

အသံကို ပိုပြီးပီပီပြင်ပြင်ကြားလာရတော့ ကျွန်တော်ပိုပြီးသေချာလာတယ်။ ဒီအသံက ကျွန်တော့်ဖုန်းထဲမှာ ဦးမင်းသက်ပိုင်အပြင် နောက်ထပ်မှတ်ထားတဲ့တစ်ခုတည်းသော ဖုန်းနံပါတ်ရဲ့ပိုင်ရှင်ဆီကလာတာပဲ။

"...ဒယ်...ဒီ..."

"...ညရိပ်...မင်းနိုးလာပြီလား..."

ကျွန်တော် အားယူပြီးထလိုက်တယ်။ ကျွန်တော် ဒယ်ဒီလို့ခေါ်တာ ဒီကမ္ဘာပေါ်မှာတစ်ယောက်ပဲရှိတယ်။ ဦးခွန်ကျင်ဇန်က အသက်လေးဆယ့်ရှစ်နှစ်အရွယ် အမျိုးသားတစ်ယောက်။ ရှမ်း‌သွေးတစ်ဝက်တရုတ်သွေးတစ်ဝက်နှောတာမလို့ အသားကအင်မတန်ဖြူတယ်။ မျက်လုံးမှေးမှေး၊ နှုတ်ခမ်းပါးပါးနဲ့ ပြတ်သားပြီးဩဇာရှိတဲ့ဟန် သိပ်ကိုပြည့်ဝတဲ့ ပုဂ္ဂိုလ်တစ်ဦး။

သူက ကျွန်တော့်ရဲ့ မွေးစားအဖေလို့ပြောရင်လည်းရသလို ကျွန်တော့်ရဲ့ အလုပ်ရှင်လို့ ပြောရင်လည်းရမယ်ထင်တယ်။ ဦးမင်းသက်ပိုင်နဲ့တွေ့ပြီးနောက်ပိုင်း ကျွန်တော်သူနဲ့ မဆက်သွယ်ဖြစ်တော့တာ။ ကျွန်တော်ချစ်ရတဲ့သူကိုတွေ့ပြီမလို့ ဒီအလုပ်ကိုရပ်လိုက်တော့မယ်ဆိုပြီး ‌ပြောခဲ့ပြီးကတည်းကပေါ့။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now