🔞အခန်း(၂၁)🔞

209 20 0
                                    

Unicode Version

Warning ❗ဤအခန်း၌ လိင်တူဆက်ဆံခြင်းနှင့်ပတ်သက်သည့်ဇာတ်ဝင်ခန်းများ ပါဝင်သည်။ ဤအခန်းကို လင်းမာန်၏ရှုထောင့်မှ ရေးသားထားပါသည်။

--------------------------------

Unicode

"...မင်းဗိုက်ဆာနေလောက်ရောပေါ့၊ တစ်ခုခုစားလိုက်အုံးလေ၊ ကိုယ်အခန်းထဲကိုလာပို့ခိုင်းလိုက်မယ်..."

ကျွန်တော် ရင်ခွင်ထဲက ညရိပ်ရဲ့ဆံနွယ်လေးတွေကို အသာအယာပွတ်သပ်ရင်း ပြောလိုက်တယ်။ ညရိပ်ဟာ အခုကျတော့လဲ တကယ့်ကလေးလေးလိုပါပဲလား။ လူကိုမလွှတ်တမ်းဖက်တွယ်ထားပုံဟာ ကျွန်တော့်ကို လွန်ခဲ့တဲ့အတိတ်အချိန်တုန်းက ညရိပ်ရဲ့ပုံစံကိုပြန်အမှတ်ရစေတယ်။ ညရိပ်ငယ်ငယ်ကဆို သူလိုချင်တာလေးတွေများရရင်၊ သူစားချင်တဲ့ရေခဲမုန့်အရသာလေးများစားရရင် အပျော်လွန်ပြီး ကျွန်တော့်ကိုဖက်တော့တာ။ တောက်တဲ့လေးလိုပဲ တင်းပြီးကပ်နေအောင်ကို တွယ်ဖက်ထားတတ်တယ်။

"...မစားချင်ဘူး၊ ကျွန်တော်ဗိုက်မဆာဘူး..."

အခုမှပဲ ဖက်ထားတဲ့ကောင်လေးက ကျွန်တော့်ကိုမော့ကြည့်ပြီး အသံပေးလာတော့တယ်။ ပြီးတော့ ညရိပ်က ကျွန်တော့်ခါးကိုလျှိုဖက်ထားတဲ့ သူ့လက်တွေကို ကျွန်တော့်လည်တိုင်ပေါ် ပြောင်းတင်ဖက်လိုက်တယ်။ အဲ့နောက်မှာတော့ အကြောင်းမကြား ဘာမကြားပါဘဲနဲ့ ကျွန်တော့်နှုတ်ခမ်းတွေကို လာနမ်းလိုက်ပါတော့တယ်။ ဒီကလေးက ဒီလောက်တောင်ပဲပျော်နေသလားကွာ။

ညရိပ်ရဲ့အနမ်းက မဆိုသလောက်ကလေးသာ အချိန်ကြာမြင့်ပြီး မဆိုသလောက်ကလေးသာ အသားချင်းထိစပ်သွားရုံ။ မရဲတရဲအနမ်းမျိုးလို့ပြောရင် ပိုမှန်မလားပဲ။ ဒါပေမဲ့တော့ အဲ့အနမ်းလေးကတင် ကျွန်တော့်စိတ်နှလုံးကို ယိမ်းခါရူးသွပ်သွားစေလောက်အောင် ဆွဲဆောင်နိုင်လွန်းပါတယ်။

ညရိပ်ကတော့ သဘောရိုးနဲ့ ဗိုက်မဆာဘူးလို့ဖြေလာပေမဲ့ ကျွန်တော်ကတော့ အလွန်တရာမရိုးသားစွာပင် တစ်စုံတစ်ခုကို စတင်ဆာလောင်လာပြီလို့ ခံစားနေရတယ်။ ကျွန်တော့်ကို မထိတထိနမ်းပြီး နောက်ပြန်ဆုတ်ဖို့ဟန်ပြင်နေတဲ့ ညရိပ်ရဲ့နှုတ်ခမ်းတွေကို ကျွန်တော်ဖယ်ခွာခွင့်မပေးလိုတော့ဘူး။ ကျွန်တော် သူ့ခေါင်းလေးကို ခပ်ပြင်းပြင်းဆွဲကာ ကျွန်တော့်မျက်နှာနားကို ပိုတိုးကပ်လိုက်တယ်။ အဲ့နောက်မှာတော့ ကျွန်တော် သူ့နှုတ်ခမ်းပါးတွေကို မက်မက်မောမောနမ်းရှိုက်လိုက်ပါ‌ေတာ့တယ်။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now