အခန်း(၉)

166 29 6
                                    

Unicode

တဖျတ်ဖျတ်လင်းလက်နေတဲ့ ရောင်စုံမီးရောင်တွေအောက်မှာ ပုံစံမျိုးစုံနဲ့လူတွေ ကခုန်နေကြတယ်။ DJက အမြူးကြွဆုံးတေးသံတွေ ဖန်တီးပေးနေပြီး ကြမ်းခင်းထက်ကလူတွေကလည်း ကွေးနေအောင်ကနေကြတယ်။

ညာဘက်ထောင့်နားမှာ အသက်နှစ်ဆယ်ဝန်းကျင်မိန်းကလေးတွေ အုပ်စုဖွဲ့ပြီးကနေကြတယ်။ သူတို့ဘေးနားမှာ မတိမ်းမယိမ်းကောင်လေး‌တသိုက်က ရစ်သီရစ်သီလုပ်နေကြတယ်။ တစ်ချို့ကလည်း တစ်ကိုယ်တော်လှုပ်ရှားနေရာကနေ တွဲဖက်တွေ့ပြီး ကြုံသလိုသင့်သလိုတွဲကသွားကြပြန်ရော။

ဆူညံတက်ကြွနေတဲ့ အောက်ထပ်နဲ့ဆန့်ကျင်ဘက်၊ အပေါ်ထပ်မှာတော့ အရက်ခွက်ကိုဖြည်းဖြည်းငှဲ့ရင်း ဇိမ်ခံမူးနေကြတဲ့လူတစ်ချို့ရှိတယ်။ သူတို့က မကဘူး။ တစ်ချို့က က‌တဲ့သူတွေကိုလိုက်ငေးနေကြတယ်။ တစ်ချို့က သူတို့နဲ့အတူပါလာတဲ့အပေါင်းအသင်းတွေနဲ့ သောက်လိုက်စကားပြောလိုက်လုပ်နေကြတယ်။

အများစုကတော့ ဒီနေရာကို မူးဖို့၊ ကဖို့၊ ပျော်ဖို့ပါးဖို့ လာကြတာပဲ။ တစ်ချို့ကတော့ အလုပ်လုပ်ဖို့လာကြတာ။ ကျွန်တော့်လိုမျိုးပဲ ဒီနေရာမှာ ဧည့်သည်လာရှာတဲ့ ညငှက်တွေလည်းရှိတယ်။ ကျွန်တော်တို့တွေက ဒီနေရာကနေ ဧည့်သည်ရပြီဆိုရင် ကလပ်မန်‌ေနဂျာကို လုပ်အားခရဲ့၃၀%ပေးရတယ်။ ဉပမာ တစ်သိန်းရတယ်ဆိုရင် သုံးသောင်း၊ သုံးသိန်းရတယ်ဆိုရင် ကိုးသောင်းပေးရတယ်။ ဈေးကတော့ ဧည့်သည်နဲ့ကျွန်တော်တို့ပဲ တိုက်ရိုက်ညှိပေါ့။

ဒီပိုင်ရှင်က သဘောကောင်းပါတယ်။ တခြားနေရာတွေနဲ့စာရင် သူကအပုံလိုက်ကြီးကို သဘောကောင်းတာ။ ဘာလို့လဲဆိုတော့ ကျွန်တော်အရင်ကကြုံဖူးတဲ့တစ်နေရာဆိုရင် ၅၀%တောင်ပေးရတယ်။ ပြီးတော့လည်း ကလပ်ရဲ့ဘယ်နေရာမှာပဲ နေခွင့်ရှိတယ်တို့၊ ဘယ်နေရာကိုဝင်မရောရဘူးတို့က ကန့်သတ်သေးတာ။ အခုကတော့ အောက်ထပ်မှာဝင်ကက၊ ဘားကောင်တာမှာဝင်ထိုင်ထိုင်၊ အပေါ်ထပ်မှာပဲတက်သောက်သောက် ပိုင်ရှင်ကခွင့်ပြုထားတယ်။

ဧည့်သည်လုံးဝမရလို့ ပြန်ရမယ်ဆိုရင်လည်း ဘာကြေးမှပြန်မတောင်းဘူး။ တစ်ချို့ဆို ဧည့်သည်မရတဲ့နေ့တွေကျ ဝင်ကြေးဘာညာပြန်တောင်းတတ်သေးတာ။ မိန်းကလေးတွေဆိုရင် အဲ့ကလပ်မန်‌ေနဂျာတွေနဲ့အရင်အိပ်ပေးရတာမျိုးက ရှိတတ်သေးတယ်။ ကျွန်တော်ကျတော့ ကလပ်မန်နေဂျာကလိင်တူနှစ်သက်တဲ့သူမျိုးမဟုတ်ရင် ဒါမျိုးလုပ်ပေးဖို့မလိုဘူးပေါ့။ %မှန်မှန်ပေးရုံပဲလိုတာ။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now