အခန်း(၁၈)

138 27 2
                                    

Unicode Version

ကျွန်တော် စက္ကူလေယာဉ်ဟောင်းလေးကို လက်ထဲကပြန်ချလိုက်တယ်။ ကျွန်တော့်အကြည့်တွေက စာအုပ်စင်ထက်က မိသားစုဓာတ်ပုံဆီရောက်သွားတယ်။ ဓာတ်ပုံထဲမှာ အမေကကျွန်တော့်ကို ပေါင်ပေါ်တင်ချီလျက်ထိုင်နေတယ်။ အဖေကတော့ အမေ့နောက်ကျောကနေ လက်တစ်ဖက်က အမေ့ပုခုံးကိုဖက်ထားပြီး လက်တစ်ဖက်က ကျွန်တော့်ပုခုံးကိုကိုင်ထားပြီး မတ်တပ်ရပ်နေခဲ့တယ်။

ဒါက သူတို့မဆုံးခင် နောက်ဆုံးရိုက်သွားတဲ့ဓာတ်ပုံလို့လဲ ပြောလို့ရမယ်ထင်တယ်။ သူတို့အလုပ်ကိစ္စနဲ့ခရီးမထွက်ခင် ကျွန်တော့်မွေးနေ့မှာ ရိုက်သွားတဲ့မိသားစုဓာတ်ပုံ။ အရင်က အိမ်မှာမွေးထားတဲ့ကြောင်က အဲ့ဓာတ်ပုံကိုတိုက်ချလိုက်လို့ မှန်ဘောင်တွေကွဲသွားခဲ့ဖူးတယ်။

ကျွန်တော်အဲ့တာကိုမြင်တော့ တအားဒေါပွသွားပြီး ချက်ချင်းပဲ အဲ့ကြောင်ကိုဖမ်းလိုက်တယ်။ ပြီးတော့ ပြတင်းပေါက်ကနေ ပစ်ချလိုက်တယ်။ ပြတင်းပေါက်မှန်တွေ တစ်စစီလွင့်ထွက်ကုန်ပြီး အဲ့ကြောင်လေး အောက်ကကျောက်ကြမ်းခင်းပေါ် ပြုတ်ကျပြီး ကျိုးကြေသွားတယ်။

ကံဆိုးချင်တော့ ကြောင်ပြုတ်ကျသွားတဲ့နေရာနားမှာ ညရိပ်ကရှိနေခဲ့တယ်။ ညရိပ်ဟာ သွေးအိုင်ထဲ ဆန့်တငင်ငင်ဖြစ်နေတဲ့ကြောင်ကို ထိတ်ထိတ်လန့်လန့်နဲ့ ရပ်ကြည့်နေတယ်။ ပြီးတော့ ကြောင်ပြုတ်ကျလာတဲ့ ကျွန်တော့်အခန်းရဲ့ ပြတင်းပေါက်ကိုပါ မော့ကြည့်လာတယ်။

ပြတင်းပေါက်နား လာရပ်ပြီး ဒေါသအပြည့်မျက်ဝန်းတွေနဲ့ ကြောင်သေကိုငုံ့ကြည့်နေတဲ့ ကျွန်တော့်ကို ညရိပ်တွေ့သွားတယ်။ ကျွန်တော် တစ်သက်လုံး အဲ့အကြည့်ကို မေ့လို့ရမှာမဟုတ်ဘူး။ ညရိပ်ရဲ့ အံ့ဩထိတ်လန့်ပြီး ကြောက်ရွံ့နေတဲ့အကြည့်တွေပေါ့။ ညရိပ်ရဲ့ တုန်လှုပ်ပြီး နေရာမှာတင်ကျောက်ရုပ်လေးလို တောင့်တောင့်ကြီးဖြစ်နေတဲ့ပုံလေးဟာ ကျွန်တော့်ဒေါသတွေကို လွှမ်းမိုးသွားခဲ့တယ်။

ကောင်းမွန်စပြုနေတဲ့ဆက်ဆံရေးလေးဟာ အဲ့အချိန်ကစလို့ ပျက်စီးသွားတော့တယ်။ နှလုံးသားနုတဲ့ ကလေးငယ်လေးဟာ ကျွန်တော့်ကိုဘယ်လိုမြင်ပြီး ဘယ်လောက်ကြောက်သွားလဲမသိဘူး။ အဲ့ညမှာပဲ ညရိပ်ထွက်ပြေးသွားပြီလို့ သိလိုက်ရတယ်။ ဦးလေးသိန်းတို့ ညဘက်ကြီးဓာတ်မီးတွေနဲ့ထွက်ရှာကြတာတောင် မတွေ့တော့ဘူး။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now